ဘဂၤါလီအေရး ျမန္မာႏိုင္ငံတာ၀န္ခံမႈ႐ွိရမည္ဟု ဘဂၤလားေဒ့႐ွ္ကို နယ္သာလန္ကတိျပဳ

PUBLISHED - October 20, 2020
ဒါကာ၊ ေအာက္တိုဘာ ၂၀
ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)တြင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖင့္ စြပ္စြဲခံထားရသည့္ ျမန္မာႏိုင္ငံကို တာ၀န္ခံမႈ႐ွိေစေရး ကတိျပဳသည္ဟု နယ္သာလန္ႏိုင္ငံက ဘဂၤလားေဒ့႐ွ္ႏိုင္ငံကိုေျပာသည္။
နယ္သာလန္ႏိုင္ငံျခားေရး၀န္ႀကီး စတက္ဖ္ ဘေလာ့ကေရးသားသည့္စာတြင္ပါ၀င္ျခင္းျဖစ္သည္။
ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာနယ္သာလန္သံအမတ္ႀကီး ဟယ္ရီ ဗာ၀တ္က ထိုစာကို ဘဂၤလားေဒ့႐ွ္ ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္ ထံ တနဂၤေႏြေန႔ကေပးခဲ့သည္။
ေကာ့က္စ္ဘဇားခ႐ိုင္မွစခန္းမ်ားတြင္ခိုလႈံေနၾကသည့္ ဘဂၤါလီ ၁ သန္းခန္႔အတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာအကူအညီမ်ား ဆက္လက္ေပးသြားမည္ဟု ဗာ၀က္က ကတိျပဳခဲ့ၿပီး ဘဂၤါလီအၾကပ္အတည္းအတြက္ေရ႐ွည္အေျဖသည္ တရားမွ်တမႈႏွင့္တာ၀န္ခံမႈ႐ွိေရးတို႔ျဖစ္ေၾကာင္းလည္း ေျပာသည္။
ဘဂၤါလီမ်ားေဘးကင္းလံုျခံဳစြာႏွင့္ေရ႐ွည္ေနရပ္ျပန္ေရးကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံက အာ႐ံုစိုက္ေနသည္ဟု မိုမန္ကတံု႔ျပန္သည္။
ဥေရာပသမဂၢအဖြဲ႔၀င္ႏိုင္ငံမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္ၿပီး ဘဂၤါလီမ်ားျပန္ႏိုင္ရန္ ရခိုင္ျပည္နယ္တြင္ သင့္ေလ်ာ္ေသာပတ္၀န္းက်င္တခုဖန္တီးေပးေရးအတြက္လည္း နယ္သာလန္ကို သူကေတာင္းဆိုသည္။
ဘဂၤါလီမ်ားလူမ်ိဳးတုန္းသတ္ျဖတ္ခံရသည္ဟုဆိုသည့္အခ်က္အလက္အျပည့္အစံုကို နယ္သာလန္ႏိုင္ငံ၊ သယ္ေဟ့႐ွိ ကုလသမဂၢလက္ေအာက္ခံ အိုင္စီေဂ်သို႔ ဂမ္ဘီယာႏိုင္ငံကတင္သြင္းရန္႐ွိေနခ်ိန္တြင္ နယ္သာလန္က ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
ေအာက္တိုဘာ ၂၃ ရက္တြင္ ဂမ္ဘီယာ၏အခ်က္အလက္အစီရင္ခံစာအျပည္အစံုကို အိုင္စီေဂ်ထံတင္သြင္းရမည္ျဖစ္ၿပီး ၂၀၂၁ ခုႏွစ္၊ ဇူလိုင္ ၂၃ ရက္တြင္ ျမန္မာႏိုင္ငံက အခ်က္အလက္အစီရင္ခံစာအျပည့္အစံုတင္သြင္းရမည္ျဖစ္သည္။
Ref : Myanmar’s AccountabilityThe Netherlands commits to ensuring it
#PeopleMedia
(unicode)
ဘင်္ဂါလီအရေး မြန်မာနိုင်ငံတာဝန်ခံမှုရှိရမည်ဟု ဘင်္ဂလားဒေ့ရှ်ကို နယ်သာလန်ကတိပြု
……………………………………………………..
ဒါကာ၊ အောက်တိုဘာ ၂၀
နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံကို တာဝန်ခံမှုရှိစေရေး ကတိပြုသည်ဟု နယ်သာလန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြောသည်။
နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ် ဘလော့ကရေးသားသည့်စာတွင်ပါဝင်ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာနယ်သာလန်သံအမတ်ကြီး ဟယ်ရီ ဗာဝတ်က ထိုစာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန် ထံ တနင်္ဂနွေနေ့ကပေးခဲ့သည်။
ကော့က်စ်ဘဇားခရိုင်မှစခန်းများတွင်ခိုလှုံနေကြသည့် ဘင်္ဂါလီ ၁ သန်းခန့်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဆက်လက်ပေးသွားမည်ဟု ဗာဝက်က ကတိပြုခဲ့ပြီး ဘင်္ဂါလီအကြပ်အတည်းအတွက်ရေရှည်အဖြေသည် တရားမျှတမှုနှင့်တာဝန်ခံမှုရှိရေးတို့ဖြစ်ကြောင်းလည်း ပြောသည်။
ဘင်္ဂါလီများဘေးကင်းလုံခြုံစွာနှင့်ရေရှည်နေရပ်ပြန်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာရုံစိုက်နေသည်ဟု မိုမန်ကတုံ့ပြန်သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဘင်္ဂါလီများပြန်နိုင်ရန် ရခိုင်ပြည်နယ်တွင် သင့်လျော်သောပတ်ဝန်းကျင်တခုဖန်တီးပေးရေးအတွက်လည်း နယ်သာလန်ကို သူကတောင်းဆိုသည်။
ဘင်္ဂါလီများလူမျိုးတုန်းသတ်ဖြတ်ခံရသည်ဟုဆိုသည့်အချက်အလက်အပြည့်အစုံကို နယ်သာလန်နိုင်ငံ၊ သယ်ဟေ့ရှိ ကုလသမဂ္ဂလက်အောက်ခံ အိုင်စီဂျေသို့ ဂမ်ဘီယာနိုင်ငံကတင်သွင်းရန်ရှိနေချိန်တွင် နယ်သာလန်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
အောက်တိုဘာ ၂၃ ရက်တွင် ဂမ်ဘီယာ၏အချက်အလက်အစီရင်ခံစာအပြည်အစုံကို အိုင်စီဂျေထံတင်သွင်းရမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံက အချက်အလက်အစီရင်ခံစာအပြည့်အစုံတင်သွင်းရမည်ဖြစ်သည်။
Ref : Myanmar’s AccountabilityThe Netherlands commits to ensuring it
#PeopleMedia