ဘဂၤါလီေတြကို လက္မခံႏိုင္ေတာ့ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ေျပာ ၾကား
PUBLISHED - June 27, 2020
ႏိုင္ငံတကာ၊ ဇြန္ ၂၇
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘး၏ ေနာက္ဆက္တြဲအျဖစ္ ႏိုင္ငံ၏ စီးပြားေရးအရင္းအျမစ္ေတြ ထိခိုက္နစ္နာေနရေသာ ေၾကာင့္ ဒုကၡသည္ဝန္ထုတ္ဝန္ပိုးကို ဆက္မထမ္းႏိုင္ေတာ့သည့္အတြက္ ဘဂၤါလီဒုကၡသည္ေတြကို လက္မခံႏိုင္ ေတာ့ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ယပ္စင္က ေျပာၾကားလိုက္သည္။
မေလးရွားဟာ ျပည္ပမွ ဘဂၤါလီေတြရဲ႕ ခိုလႈံရာျဖစ္ခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာ မေလးရွားႏိုင္ငံအတြင္းကို ဝင္ေရာက္ ဖို႔ ႀကိဳးစားေနသည့္ ရာႏွင့္ခ်ီေသာ ဘဂၤါလီေတြကို အဝင္မခံေတာ့ဘဲ ျပန္လည္ေမာင္းထုတ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ကို႐ိုနာကပ္ေဘးကာလအတြင္း မေလးရွားႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားမွလြဲ၍ တစ္ျခားျပႆနာေတြကို လွည့္မၾကည့္ႏိုင္ေၾကာင္းကို ပါယပ္စင္က တစ္ဆက္တည္း ထည့္သြင္းေျပာၾကားခဲ့သည္။
မေလးရွားဝန္ႀကီးခ်ဳပ္ ယပ္စင္က မေလးရွားရွိ ဘဂၤါလီမ်ားအား တတိယႏိုင္ငံတစ္ခုတြင္ ျပန္လည္ေနရာခ်ထား ေရးကိစၥကို အရွိန္ျမႇင့္လုပ္ေဆာင္ရန္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးကို တိုက္တြန္းလိုက္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ ဘဂၤါလီအေရးႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ပိုမိုဖိအားေပးရန္ ေတာင္း ဆိုထားသည္။
သတင္းေဖာ္ျပခ်က္မူရင္းသည္ ႐ိုဟင္ဂ်ာဟူ၍ သုံးစြဲထားသည္။
မိုးထက္ေဝယံ
#PeopleMedia #မေလးရွား
(unicode)
ဘင်္ဂါလီတွေကို လက်မခံနိုင်တော့ကြောင်း မလေးရှားဝန်ကြီးချုပ်ပြော ကြား
…………………………………………………
နိုင်ငံတကာ၊ ဇွန် ၂၇
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ နောက်ဆက်တွဲအဖြစ် နိုင်ငံ၏ စီးပွားရေးအရင်းအမြစ်တွေ ထိခိုက်နစ်နာနေရသော ကြောင့် ဒုက္ခသည်ဝန်ထုတ်ဝန်ပိုးကို ဆက်မထမ်းနိုင်တော့သည့်အတွက် ဘင်္ဂါလီဒုက္ခသည်တွေကို လက်မခံနိုင် တော့ကြောင်း မလေးရှားဝန်ကြီးချုပ်ယပ်စင်က ပြောကြားလိုက်သည်။
မလေးရှားဟာ ပြည်ပမှ ဘင်္ဂါလီတွေရဲ့ ခိုလှုံရာဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ မလေးရှားနိုင်ငံအတွင်းကို ဝင်ရောက် ဖို့ ကြိုးစားနေသည့် ရာနှင့်ချီသော ဘင်္ဂါလီတွေကို အဝင်မခံတော့ဘဲ ပြန်လည်မောင်းထုတ်နေပြီဖြစ်ကြောင်းနှင့် ကိုရိုနာကပ်ဘေးကာလအတွင်း မလေးရှားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားမှလွဲ၍ တစ်ခြားပြဿနာတွေကို လှည့်မကြည့်နိုင်ကြောင်းကို ပါယပ်စင်က တစ်ဆက်တည်း ထည့်သွင်းပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ် ယပ်စင်က မလေးရှားရှိ ဘင်္ဂါလီများအား တတိယနိုင်ငံတစ်ခုတွင် ပြန်လည်နေရာချထား ရေးကိစ္စကို အရှိန်မြှင့်လုပ်ဆောင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို တိုက်တွန်းလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ပိုမိုဖိအားပေးရန် တောင်း ဆိုထားသည်။
သတင်းဖော်ပြချက်မူရင်းသည် ရိုဟင်ဂျာဟူ၍ သုံးစွဲထားသည်။
မိုးထက်ဝေယံ
#PeopleMedia #မလေးရှား