ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဖုန်းဆင်းကတ်ရောင်းချမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရပိတ်ပင်
PUBLISHED - September 10, 2019
ဘင်္ဂါလီဒုက္ခသည်တွေကို တဖြည်းဖြည်းတင်းကျင်မှုတွေပြုလုပ်လာတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ဘင်္ဂါလီဒုက္ခသည်စခန်းတွေမှာ ဖုန်းဆင်းကတ်တွေ ရောင်းချမှု ရပ်ဆိုင်းဖို့ ညွှန်ကြားလိုက်ပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံကို လတ်တလော ဒုက္ခသည်လွှဲပြောင်းပေးအပ်မယ့် အစီအစဉ် ပျက်ပြားခဲ့ပြီးနောက် ဒုက္ခသည်စခန်းတွေကို ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခဲ့ပြီး အခုအခါ ဒုတိယခြေလှမ်းတစ်ရပ်အနေနဲ့ ဖုန်းဆင်းကတ် ရောင်းချမှုကိုပါ ပိတ်ပင်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ ဘင်္ဂါလီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံမှာ ပြန်လည်အခြေချဖို့ကို ငြင်းဆန်ခဲ့ကြပြီး ဒေသခံတွေနဲ့လည်း ပဋိပက္ခဖြစ်ပွားမှု တွေဖြစ်ပေါ်လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အင်တာနက်နဲ့ ဖုန်းလိုင်းဆက်သွယ်ရေးတွေဟာ ဆူပူမှုတွေကို ပိုပြီးဆိုးရွားလာစေမှာ စိုးရိမ်နေတာကြောင့် အခုလို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေး ၀ါးမှောင်ခိုကူးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘင်္ဂါလီဒုက္ခသည် အနည်းဆုံး ၃၄ ဦးကို ပစ်သတ်ထားခဲ့ပြီးဖြစ်ပါတယ်။ လူအခွင့်အရေးအဖွဲ့အစည်းတွေကိုတော့ လုံခြုံးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုဟာ တရားမ၀င်သတ်ဖြတ်မှုဖြစ်တယ်လို့ စွပ်စွဲထားကြပါတယ်။
Ref; Daily Mail