ဘင်္ဂါလီဒုက္ခသည်စခန်းများကို ၀န်းခတ်မည့်အစီအစဉ် တက်ကြွလှုပ်ရှားသူများက ထောင်နှင့်တူ လိမ့်မည်ဟုဝေဖန်
PUBLISHED - September 27, 2019
ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီဒုက္ခသည်စခန်းတွေကို ဆူးကြိုးဝန်းခတ်ပြီး ကင်းစင်တွေနဲ့ လုံခြုံရေးကင်မရာတွေ တပ်ဆင်စောင့်ကြည့်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အခုလိုလုပ်ဆောင်မှုကို ဒုက္ခသည်အခြေချစခန်းတွေဟာ အကျဉ်းထောင်ပုံစံပြောင်းသွားလိမ့်မယ်လို့ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ “ဒီမှာ ဒုက္ခသည်စခန်းကြီး ၃ ခုရှိပါတယ်။ စခန်းသုံးခုလုံးကို ဆူးကြိုးဝန်းခတ်သွားမှာပါ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ ကော့ဘဇာက ဒုက္ခသည်တွေရဲ့ အခြေအနေကို စောင့်ကြည့်ဖို့အတွက် CCTV ကင်မရာတွေတပ်သွားမယ်လို့လည်း ၄င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒုက္ခသည်တွေဟာ စခန်းအပြင်ထွက်ရှိမှုကို ပိတ်ပင်ခံထားရတယ်လို့လည်းသိရပါတယ်။ တက်ကြွလှုပ်ရှားသူတွေက ဒုက္ခသည်စခန်းတွေဟာ အကြီးစားထောင်တစ်ခုလို ပြောင်းလဲသွားလိမ့်မယ်လို့ ဝေဖန်မှုတွေရှိနေသလို ကုလသမဂ္ဂကလည်း အခုလို တင်းကြပ်မှုတွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ ပြောကြားထားပါတယ်။