ဘင်္ဂါလီဒုက္ခသည်များအတွက် “ safe zone “ သတ်မှတ်ရန်နှင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်သမ္မတ တောင်းဆို

PUBLISHED - October 1, 2019
ကာဇက်စတန်နိုင်ငံ မြို့တော် အက်တန်နာမှာပြုလုပ်ခဲ့တဲ့ OIC အစည်းအဝေးပွဲမှာ ဘင်္ဂ လားဒေ့ရှ်သမ္မတ အမ် အဗ္ဗဒူ ဟားမက်က မြန်မာနိုင်ငံသားရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကုလဥပဒေအောက်က ဘေးကင်းဇုန်(safe zone) သတ်မှတ်ပြီး OIC လို အဖွဲ့အစည်းေ တွက အထောက်အပံ့ပေးဖို့ တူရကီသမ္မတ အာဒိုဂန်ကို စက်တင်ဘာ ၂၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
အခုလို safe zone ကို ကုလသမဂ္ဂ ဒါမှမဟုတ် OIC မဟုတ်ရင် တခြား နိုင်ငံတကာအဖွဲ့ အစည်းတွေက ဆောင်ရွက်မှသာ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေကို ရခိုင်ပြည်နယ် ပြန်ပို့ဖို့ စိတ်ချနိုင်မှာဖြစ်တယ်လို့ အာဒိုဂန်နဲ့တွေ့ဆုံရာမှာ ဟားမက်က ပြောကြားခဲ့ပါတယ်။
သမ္မတ ဟားမက်က ကမ္ဘာ့ခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ်ဖိအားပေးဖို့လည်း တိုက်တွန်းပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်လို လူဦးရေသိပ်သည်းတဲ့နိုင်ငံကို အခုလို ဒုက္ခသည်တွေရောက်ရှိလာတာက ကြီးမားတဲ့အခက်အခဲ ပြသာနာတွေဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တူရကီသမ္မတ အာဒိုဂန်ကိုလည်း ကမ္ဘာ့ခေါင်းဆောင်များနဲ့အတူ ဒုက္ခသည်အရေးအတွက် မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ဟားမက်က တိုက်တွန်းခဲ့ပါတယ်။
Ref; www.newagebd.net