• Follow Us on
Latest News

Home ဘင်္ဂါလီဒုက္ခသည်များနေရပ်ပြန်နိုင်ရေး ကုလအတွင်းရေးမှူးချုပ် ထပ်မံနှိုးဆော်


Share this post





Ref; bangkokpost


(unicode)
ဘင်္ဂါလီဒုက္ခသည်များနေရပ်ပြန်နိုင်ရေး ကုလအတွင်းရေးမှူးချုပ် ထပ်မံနှိုးဆော်
————————————————————

ဘင်္ဂါလီဒုက္ခသည်တွေကို မြန်မာနိုင်ငံက ၄င်းတို့ရဲ့နေရပ် ရခိုင်ပြည်နယ် ဘေးကင်းလုံခြုံစွာပြန်နိုင်ဖို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က နိုဝင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ-ကုလ အစည်းအဝေးပွဲမှာ ထပ်မံနှိုးဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ဘေး ကင်းစွာနေရပ်ပြန်နိုင်ရေးတို့မှာ တက်ကြွစွာပါဝင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့အတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ ခံစားရရင် ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ရေးက မဖြစ်နိုင်ဘူးလို့လည်း ဂူတာရက်က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဘင်္ဂါလီဒုက္ခသည်ပြသာနာကို ဝိုင်းဝန်းကူုညီဖြေရှင်းပေးမှုကိုလည်း မြန်မာ အစိုးရနဲ့အတူ ကုလက ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။

Ref; bangkokpost

#PeopleMedia #International


Share this post