• Follow Us on
Latest News

Home ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေး မြန်မာနိုင်ငံကို နိုင်ငံတကာက ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တောင်းဆို

ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေး မြန်မာနိုင်ငံကို နိုင်ငံတကာက ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တောင်းဆို

Share this post

ဘင်္ဂါလီဒုက္ခသည်တွေ လုံခြုံစိတ်ချရစွာ နေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံက မဖြစ်မနေဆောင်ရွက်လာအောင် နိုင်ငံတကာက လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေအားလုံး လုပ်ဆောင်သင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောကြားလိုက်ပါတယ်။

ကုလညီလာခံတက်ရောက်ဖို့ နယူးယောက်ကို ရောက်ရှိနေတဲ့ ဟာစီနာဟာ နိုင်ငံတကာဆက်ဆံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ စကားဝိုင်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ဘင်္ဂါလီဒုက္ခသည်ပြသာနာဟာ ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။ ဒီပြသာနာကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းမှုနဲ့ ကျွန်မတို့ အဖြေရှာချင်ပါတယ်။ ဒီပြသာနာကို ဖန်တီးတာက မြန်မာပါ။ ဖြေရှင်းဖို့အတွက်လည်း မြန်မာနိုင်ငံအပေါ်မူတည်နေပါတယ်” လို့ ဟာစီနာက ပြောပါတယ်။

ဟာစီနာက မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီလူမျိုးစုတွေကို ရှင်းလင်းဖို့ မသမာတဲ့နည်းနဲ့ အစီအစဉ်တကျဆောင်ရွက်ခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုအရ ၄င်းတို့ နိုင်ငံနယ်စပ်မှာ ဒုက္ခသည်စခန်းတွေဖွင့်လှစ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို အကောင်းဆုံး ထောက်ပံ့ကူညီနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် ဥရောပ၊အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က အခုပြသာနာအတွက် အများကြီးထောက်ပံ့ကူညီခဲ့တယ်လို့ ဟာစီနာက ပြောကြားခဲ့ပါတယ်။

Ref; https://www.bssnews.net


Share this post