ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံကို ပြန်လိုခြင်းရှိမရှိ စိစစ်သွားမည်

PUBLISHED - August 20, 2019
နေရပ်ပြန်ဖို့ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ကို ဘင်္ဂါလီဒုက္ခသည် သုံးထောင်ကျော်က လက်ခံခြင်းရှိမရှိ စိစစ်ဖို့အတွက် ကုသဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် စိုးရိမ်ထိတ်လန့်မှုတွေရှိ နေတယ်လို့ လည်း သိရပါတယ်။
ကုလအနေနဲ့ ဒုက္ခသည်များကို မြန်မာနိုင်ငံကို ပြန်ပို့မယ့် အစီအစဉ်နဲ့ ပတ်သတ်ပြီး ပြင်သစ်၊ဗြိတိန်၊အမေရိကန်၊ဂျာမနီနဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့က သံတမန်တွေရဲ့ တောင်းဆိုမှုနဲ့ တံခါးပိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။
မြန်မာအစိုးရဟာ ဘင်္ဂလားဒေ့ရှ်အစိုးရက နေရပ်ပြန်ပို့ဖို့ စာရင်းပေးပို့ထားတဲ့ ဒုက္ခသည် ၂၂,၀၀၀ က ၃၄၅၀ ဦးကို ပြန်လက်ခံဖို့ အတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။
Ref; Reuters