• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးကနုတ်ထွက်ပြီး တိုင်းပြည်ကထွက်ပြေးသွားဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာစီနာ ရာထူးကနုတ်ထွက်ပြီး တိုင်းပြည်ကထွက်ပြေးသွားဟုဆို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဒီကနေ့ (တနင်္လာနေ့) မှာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားပြီး နိုင်ငံတွင်းက ထွက်ခွာသွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

 

နိုင်ငံတွင်းက ပြင်းထန်ကြီးမားတဲ့ ဆန္ဒပြမှုတွေတွေ ထွက်ပေါ်လာပြီးနောက် ဆန္ဒပြသူ ၁၅၀၀ ကျော်ဟာ ဝန်ကြီးချုပ်အိမ်ကို ဝင်ရောက်စီးနင်းပြီး တွေ့သမျှ ရိုက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

အသက် ၇၆ နှစ်အရွယ် ဟာစီနာဟာ ညီမဖြစ်သူနဲ့အတူ ဘေးကင်းလုံခြုံရာကို ထွက်ခွာသွားကြောင်း South China Morning Post မီဒီယာမှာ ရေးသားဖော်ပြထားပါတယ်။

 

ဝန်ကြီးချုပ်ဟာဆီနာဟာ လူထုကို မိန့်ခွန်းပြောချင်ပေမဲ့လည်း အခြေအနေမပေးခဲ့ဘူးလို့ ဆိုပါတယ်။

 

ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဝါကာယူဇီဇမန်းကတော့ တနင်္လာနေ့မွန်းလွဲပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောမယ် လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

Ref: Bangladesh PM Sheikh Hasina has resigned and left the country, media reports say

 

#PeopleMedia


Share this post