• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အမြင့်ဆုံးတပ်လှန့်ထား

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အမြင့်ဆုံးတပ်လှန့်ထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉

 

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံတွင်းဘက်မှာ သောကြာနေ့ (ဇန်နဝါရီလ ၂၆ ရက်နေ့) ကနေ စနေနေ့အထိ လက်နက်ကြီးသံတွေ ကြိုကြားကြိုကြား ကြားနေရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျွံ ဝင်လာမှာကို ကာကွယ်ဖို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ကို အမြင့်ဆုံး တပ်လှန့်ထားကြောင်း ဒါကာထရီဗျူး မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ရေးသားထားပါတယ်။

 

လက်နက်ကြီးသံတွေထပ်မံကြားရတဲ့အတွက် ဘန်ဒါဘန်ခရိုင်ထဲက ဂမ်ဒမ်၊ တမ်ဘရူနဲ့ တက်ခ်နက်ဖ်ခရိုင်ထဲက ရှား ပိုရာဒွစ်မ စတဲ့နယ်စပ်ဒေသတွေမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်နေကြပါတယ်။

 

ဗုဒ္ဓဟူးနေ့က AA သူပုန်အဖွဲ့က ရခိုင်ပြည်နယ်က မြို့တစ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက်မှာ အနီးအနားက ကျေးရွာတွေမှာ သေနတ်သံတွေ ပြင်းပြင်းထန်ထန် ကြားခဲ့ရကြောင်း ဧရာဝတီသတင်းဌာနက ပြောပါတယ်။

 

“နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ ရလဒ်အနေနဲ့ နိုင်ငံထဲကို ပြင်ပကကျွံဝင်မ လာအောင် ကျွန်တော်တို့ BGB တပ်တွေ အမြင့်ဆုံး တပ်လှန့်ထားပါတယ်။” လို့ တက်ခ်နက်ဖ်ခရိုင် အမှတ်၂ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်မှူး ဒုတိယဗိုလ်မှူးကြီး မက်ဒ် မိုဟီရူဒင်အာမက်က ပြောပါ တယ်။

 

“အချိန်အတော်ကြာမှ လက်နက်ကြီးသံထပ်ကြားရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒေသခံပြည်သူတွေ က ကြောက်လန့်နေကြပါတယ်။ သေနတ်သံတွေကြောင့် ပြည်သူတွေက စိုးရိမ်နေကြတယ်။ ဒါပေမဲ့ နယ်စပ်မှာ နေတဲ့ ပြည်သူတွေကို မကြောက်ဖို့ အားပေးထားပါတယ်။” လို့ အမှတ် ၁ ဂမ်ဒမ်နယ်မြေအဖွဲ့ဝင် ရှာဖီကာလ် အစ္စလာမ်က ပြောပါတယ်။

 

တမ်ဘရူနယ်စပ်ဒေစတစ်လျှောက် နေထိုင်တဲ့ပြည်သူတွေကတော့ သောကြာနေ့ မွန်းလွဲပိုင်းကနေ စနေနေ့ မနက်ပိုင်းအထိ လက်နက်ကြီးသံတွေ ကြိုကြားကြိုကြား ကြားနေရကြောင်း ပြောပါတယ်။

 

ဒါ့အပြင် ဂမ်ဒမ်ဘဇာပရာ၊ ဘိုင်ရှဖာရီနဲ့ မြန်မာနိုင်ငံ နတ်မြစ်တစ်ဖက်ကမ်း တက်ခ်နက်ဖ်ခရိုင်ထဲက ဝှိုင်းကောင် နဲ့ ရှားပိုရာဒွစ်တို့မှာလည်း လက်နက်ကြီးသံတွေကြားနေရတယ်လို့ ဆိုပါတယ်။

 

“မြန်မာနိုင်ငံဘက်ခြမ်းက သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကို ကြားနေရပါတယ်။ သက်ဆိုင်ရာ အာဏာ ပိုင်တွေကို ကျွန်တော်တို့ သတင်းပို့ထားပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတာရှိမရှိ ကျွန်တော်တို့ မသိပါဘူး။” လု့ိ ဝှိုင်းကောင်းနယ်မြေဥက္ကဋ္ဌ နူအာမက်အန်နဝါရီက ပြောပါတယ်။

 

မြန်မာနိုင်ငံထဲက ဒဏ်ရာရထားတဲ့ဘင်္ဂလီ ၄၁ ဦးကိုတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူနာတင်ကားနဲ့ မောင်တောဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ရေး သားထားပါတယ်။

 

Ref: BGB on high alert amid tensions near Myanmar border

 

#PeopleMedia


Share this post