• Follow Us on
Latest News

Home ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာစံတော်ချိန် ၁၂ နာရီအချိန်တွင်  ထုတ်ပြန်ထားသည်။

 

ယနေ့မြန်မာစံတော်ချိန် ၁၁နာရီ ၃၀အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ နောက် ၃ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post