• Follow Us on

Home ဘင်္ဂလီတွေ နေရပ်ပြန်ပို့ရေး မြန်မာနိုင်ငံခြားရေးဝန်ကြီး စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်ပြော

ဘင်္ဂလီတွေ နေရပ်ပြန်ပို့ရေး မြန်မာနိုင်ငံခြားရေးဝန်ကြီး စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅

 

ဘင်္ဂလီဒုက္ခသည်တွေ မြန်မာနိုင်ငံထဲပြန်ခေါ်ဖို့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးက စိတ်ဝင်စားမှုပြသခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောကြားလိုက်ပါတယ်။

 

စနေနေ့ (ဇန်နဝါရီလ ၂၀ ရက်နေ့) က ယူဂန်ဒါနိုင်ငံမှာကျင်းပတဲ့ ဘက်မလိုက်လှုပ်ရှားမှုအစည်းအဝေး (NAM summit) ရဲ့ ဘေးပန်းအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးမာမွတ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြု လုပ်ခဲ့ပါတယ်။

 

ဝန်ကြီးနှစ်ဦးဟာ ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးသာမက နှစ်နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတဲ့အကြောင်း အရာမျိုးစုံကိုလည်း ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

 

စနေနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးမာမွတ် နိုင်ငံခြား ရေးဝန်ကြီးတာဝန်စတင်ထမ်းဆောင်ချိန်ကစပြီး ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်တယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲကနေ ထွက်ပြေးလာတဲ့ ဘင်္ဂလီဒုက္ခသည် ၁.၁ သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားပြီး ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်မယ့်အရေးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား အဓိက ငြင်းခုန်နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

 

နှစ်နိုင်ငံ သဘောတူညီချက်တွေရှိပေမဲ့ ဘင်္ဂလီဒုက္ခသည်တစ်ယောက်မှ မြန်မာနိုင်ငံကို ပြန်မရောက်သေးဘူး လို့ ဆိုပါတယ်။

 

ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်လည်ခေါ်ယူဖို့အရေး မြန်မာနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းခဲ့တယ်လို့ ဟာ ဆန်မာမွတ်အနေက အင်္ဂါနေ့ကသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

 

“အနိမ့်ဆုံးတော့ ဒီလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်နိုင်ပါတယ်လို့ ကျွန်တော်အလေးထားပြောကြားခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေစတင်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး စိတ်ဝင်စားတာကို မြင်ခဲ့ရပါတယ်။” လို့ မာမွတ် က ပြောပါတယ်။

 

ဒါ့အပြင် ကုန်သွယ်ရေးတိုးမြှင့်ဖို့ မဟာဗျူဟာကိစ္စရပ်တွေအပါအဝင် တခြားအကြောင်းအရာများစွာကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေရှိသလို မြန်မာနိုင်ငံက ကုန်စည်တွေ ကိုလည်း တင်သွင်းခဲ့စဉ်အတွင်းမှာပဲ ဒီဘင်္ဂလီဒုက္ခသည်အရေးက ကုန်သွယ်ရေးမြှင့်တင်မှုကို ဟန့်တားပိတ်ပင် ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲကထွက်လာတဲ့ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းကိုလည်း ကျွန်တော်တို့ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီအကြောင်းတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော်အသိပေးခဲ့ပါ တယ်။” လို့ ဒေါက်တာ ဟာဆန်မာမွတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

Ref: Hasan finds Myanmar counterpart interested in Rohingya repatriation

 

#PeopleMedia


Share this post