• Follow Us on
Latest News

Home ဘင်္ဂလီဒုက္ခသည်တစ်ယောက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထပ်မံဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ညွှန်ချုပ်ပြော

ဘင်္ဂလီဒုက္ခသည်တစ်ယောက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထပ်မံဝင်ရောက်ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ညွှန်ချုပ်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇

 

မြန်မာနိုင်ငံဘက်က ဘင်္ဂလီဒုက္ခသည် (မူရင်းမှာရိုဟင်ဂျာ) တွေ နောက်ထပ်တစ်ယေက်မှ ထပ်မံဝင်ရောက်မ လာနိုင်အောင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတိထား စောင့်ကြည့်ကြည့်ရှုနေကြောင်း ဘင်္ဂၤလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မိုဟာမက်အာရှရက်ဖတ်ဇမန်းဆစ်ဒီကီက အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

မြန်မာအစိုးရတပ်ဖွဲ့ဝင်တွေနဲ့ AA သူပုန်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားကနေ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေရော မြန်မာ့တပ်မတော်သားတွေပါပါဝင်တဲ့ အစိုးရတပ်ဖွဲ့ဝင် ၂၆၄ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင် ရောက်ခိုလှုံလာပြီးနောက်မှာ BGB ညွှန်ကြားရေးမှူးချုပ်အသစ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

“နယ်စပ်အခြေအနေတွေကိုတော့ ထိန်းချုပ်ထားနိုင်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးတွေကို ထိန်းသိမ်းရင်း အခြေအနေတွေကို ကျွန်တော်တို့ ကရုဏာတရားနဲ့ ကိုင်တွယ်ဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

တနင်္လာနေ့ညမတိုင်ခင်အထိ မြန်မာတပ်ဖွဲ့ဝင် ၁၁၅ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာပြီး အင်္ဂနေ့မနက်ပိုင်းအထိ ၁၁၄ ဦး ရောက်ရှိလာကာ မွန်းလွဲပိုင်းမှာ နောက်ထပ် ၃၅ ဦး ထပ်မံရောက်ရှိလာ ကြောင်း ၎င်းက ပြောပါတယ်။

 

ဒီကနေ့အချိန်အထိ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင် ၂၆၄ ဦး ဝင်ရောက်ခိုလှုံလာကြောင်း ၎င်းက ပြောပါတယ်။

 

“မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ နေရာချထားပေးပြီး စားနပ်ရိက္ခာထောက်ပံ့ထားပါတယ်။ သူတို့ ထဲက ၁၅ ယောက်ကတော့ ဒဏ်ရာရထားကြတယ်။ အဲဒီအထဲက ၈ ယောက်ကတော့ ကော့ဘဇားစန္ဒာဆေးရုံ နဲ့ စစ်တကောင်းဆေးကောလိပ်က ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပါတယ်။” လို့ BGB ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး တနင်္လာနေ့က စိန်ပြောင်းကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့အတွက် ဒီအဖြစ်အပျက်မျိုးက လက်ခံနိုင်စရာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ဘင်္ဂလီဒုက္ခသည် ၆၅ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လှေတွေနဲ့ဝင်ရောက်လာဖို့ ကြိုးစားခဲ့တဲ့အတွက် အဲဒီဘင်္ဂလီဒုက္ခသည်တွေကို ပြန်မောင်းထုတ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

Ref: New BGB Chief: No more Rohingyas will be allowed to enter Bangladesh

 

#PeopleMedia


Share this post