ဘင်္ဂလီဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ၎င်းတို့ဆန္ဒအတိုင်းဆောင်ရွက်ရမှာဖြစ်သလို ရန်ပုံငွေတိုးမြှင့်ရှာဖွေဖို့ ကုလသမဂ္ဂအလေးထားပြောကြား
PUBLISHED - January 24, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ ဘင်္ဂလီဒုက္ခသည်တွေနဲ့ ၎င်းတို့ကိုလက်ခံထားတဲ့အိမ်ရှင်နိုင်ငံသားတွေ အတွက် စည်းလုံးညီညွတ်မှုရှိဖု့ိနဲ့ ရန်ပုံငွေမြှင့်တင်ထောက်ပံ့ပေးဖို့ ကုလသမဂ္ဂအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
“ဒုက္ခသည်တွေရော လက်ခံထားတဲ့အိမ်ရှင်နိုင်ငံသားတွေရော ကျွန်တော်တို့ရဲ့စည်းလုံးညီညွတ်မှုကို လိုအပ်ပါ တယ်။ အဲဒီလူ့အဖွဲ့အစည်းတွေအတွက် ကျွန်တော်တို့ တိုးမြှင့်ထားတဲ့ရန်ပုံငွေတွေလိုအပ်ပါတယ်။” လို့ တနင်္လာ နေ့က နယူးယောက်မှာကျင်းပခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စတီဖင်ဒူဂျားရစ်က ပြောပါတယ်။
ဘယ်ဒုက္ခသည်ကိုမှ ၎င်းတို့ဆန္ဒမပါဘဲ မူရင်းနေရပ်နိုင်ငံကို ပြန်မပို့သင့်ဘူးလို့ ၎င်းက ပြောပါတယ်။
မူရင်းနိုင်ငံကိုပြန်လည်ပို့ဆောင်ခြင်းကို သက်ဆိုင်ရာဒုက္ခသည်တွေရဲ့ ဆန္ဒအလျောက်ဆောင်ရွက်ရမှာဖြစ်သလို ၎င်းတို့ကို ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“မြန်မာနိုင်ငံက အခြေအနေတွေဟာ လိုအပ်ချက်တွေနဲ့ ကိုက်ညီခြင်းမရှိကြောင်း ကျွန်တော်တို့ ရှင်းရှင်းလင်း လင်းမြင်နေရပါတယ်။ ကျွန်တော်တို့ အမှန်တကယ်လိုအပ်နေတာက အတွင်းရေးမှူးချုပ်သွားရောက်ခဲ့တဲ့ ကော့ ဘဇားက လူမှုအဖွဲ့အစည်းလိုပဲ ဘင်္ဂလီဒုက္ခသည်တွေကို စေတနာကောင်းကောင်းနဲ့ လက်ခံထားတဲ့ လူမှုအဖွဲ့ အစည်းတွေအတွက် မြှင့်တင်ထားတဲ့ နိုင်ငံတကာစည်းလုံးညီညွတ်မှုပဲဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ပြန်လည်ရွေးကောက်ခံရတဲ့အချိန်မှာ နိုင်ငံ့အကြီးအကဲတွေကို သဝဏ်လွှာပို့သလိုပဲ ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ဝန်ကြီးချုပ်ရှိတ်ဟာဆီနာထံ စာတစ်စောင်ပေးပို့ထားကြောင်း ဒူဂျားရစ်က ပြောပါတယ်။
“ကျွန်တော်တို့ ဒီစင်မြင့်ပေါ်ကနေ အတိတ်ကပြောခဲ့တာတွေ၊ လူ့အခွင့်ရေးမင်းကြီး ပြောခဲ့တာတွေဟာ ဘာမှ ပြောင်းလဲမှုမရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ ကြံမိကြံရာ လှေစီးပြီးထွက်ခွာသွားကြတဲ့ ဘင်္ဂလီဒုက္ခသည်တွေ သေဆုံး/ပျောက်ဆုံးကြတဲ့ အရေအတွက်များပြားလာတဲ့သတင်းကြောင့် ကုလသမဂ္ဂဒုက္ခ သည်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အနေနဲ့ အလွန် စိုး ရိမ်ပူပန်ခဲ့ရပါတယ်။
အဲဒီသတင်းကို UNHCR ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးဆော့မတ်ရှ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ Palais des Nations စင်တာမှာ အင်္ဂါနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။
ပြီးခဲ့နှစ်က ဒုက္ခသည် ၄၅၀၀ နီးပါး ပင်လယ်ထဲကို ထွက်ခွာသွားကြရာမှာ အရှေကတောင်အာရှ ရေပိုင်နက်ထဲ မှာ ဘင်္ဂလီဒုက္ခသည် ၅၆၉ ဦးခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံး/သေဆုံးဦးရေ ၇၃၀ အထိ မြင့်တက်လာတဲ့အချိန်မှာ အဲဒီအရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကစပြီး အမြင့်ဆုံး ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အဖြစ်အပျက်တွေမှာ ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်တွေလည်းပါဝင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အသေ/အပျောက်အရေအတွက်ဟာ ၂၀၂၂ ခုနှစ် အသေ/အပျောက်အရေအတွက်ထက် လူဦးရေ ၂၀၀ ကျော်ပိုတယ်လို့ဆိုပါတယ်။
ရေလမ်းခရီးစဉ်တစ်လျှောက်လုံး လိင်ခွဲကျားမှုအခြေခံတဲ့ အကြမ်းဖက်မှုတွေအပြင် စော်ကားခံရမှု၊ ခေါင်းပုံဖြတ် ခံရမှုတွေ ကြုံတွေ့ခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် ပင်လယ်ရေကြောင်း ခရီးစဉ်နဲ့ ထွက်ခွာခဲ့ကြတဲ့ ဘင်္ဂလီဒုက္ခသည် ၈ ဦးမှာ တစ်ဦး ပျောက်ဆုံး/သေ ဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Ref: UN stresses voluntary Rohingya repatriation, calls for increased funding
#PeopleMedia