ဘန်ကောက်ကားပြပွဲမှာ တိုယိုတာ ထိပ်ကဦးဆောင်နေ၊ ပြပွဲတစ်ခုလုံး လျှပ်စစ်ကားရောင်းအား ၃၃% ထိ မြင့်တက်
PUBLISHED - April 10, 2024
နိုင်ငံတကာ၊ ဧပြီ ၁၀
ဘန်ကောက်မော်တော်ကားပြပွဲမှာ တိုယိုတာကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ထက် အမှာစာ ၂၇.၅% တိုးမြှင့်ရရှိခဲ့ပြီး အများစုဟာ လျှပ်စစ်ကားအမှာစာတွေဖြစ်တဲ့အတွက် ပြပွဲမှာ တိုယိုတာကုမ္ပဏီက ထိပ်ဆုံးကဦးဆောင်နေ ကြောင်း သိရပါတယ်။
ပြပွဲအတွင်းရောင်းရတဲ့ကားတွေထဲမှာ လျှပ်စစ်ကားမှာယူမှုဟာ ၁၇,၅၁၇ စီးရှိပြီး အခုအချိန်အထိ စုစုပေါင်း ရောင်းရတဲ့ ၅၈,၆၁၁ စီးထဲက သုံးပုံတစ်ပုံနီးပါး အရေအတွက်ရှိတယ်လို့ဆိုပါတယ်။
အခုနှစ် ကားပြပွဲမှာ ထုတ်ကုန်သစ်တွေ အထူးသဖြင့် တရုတ်နဲ့ ဗီယက်နမ်က ကားသစ်တွေ ပါဝင်ပြသလာပြီး ဘတ်ငွေ သိန်းဂဏန်းကနေ သန်းဂဏန်းအထိ တန်ကြေးရှိတဲ့ လျှပ်စစ်ကားတွေကို ခင်းကျင်းပြသထားပါတယ်။ လျှပ်စစ်ကားအမှာစာအများဆုံးရရှိထားတဲ့အထဲမှာ ဂျပန် တိုယိုတာကုမ္ပဏီပြီးရင် တရုတ်လျှပ်စစ်ကားကုမ္ပဏီ က ဒုတိယလိုက်နေပါတယ်။
အာရှတိုက်လျှပ်စစ်ကားကုမ္ပဏီတွေဟာ နောက်ဆုံးပေါ် လျှပ်စစ်ကားတွေကို ခင်းကျင်းပြသထားတဲ့ ဥရောပ တိုက်က မာစီဒီးဘန့်ဇ်၊ BMW ၊ ဗောက်စ်ဝက်ဂွန်ကုမ္ပဏီတို့နဲ့ အဓိက ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကားဈေးကွက်ဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အလျင်အမြန်ပဲ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က လျှပ်စစ်ကားရောင်းအားဟာ အစီးရေ ၁၀,၀၀၀ အောက်သာရှိပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ အစီး ရေ ၇၆,၀၀၀ ကျော် ရောင်းရတဲ့အထိ ရောင်းအားမြင့်တက်လာခဲ့ပြီး ကားဈေးကွက်ရဲ့ ၁၀% ကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။
အခုနှစ် ကားပြပွဲရဲ့ လျှပ်စစ်ကားရောင်းအားဟာ ၃၂.၇၈% အထိ မြင့်တက်လာခဲ့တာကြောင့် စားသုံးသူစိတ် ဝင်စားမှုနဲ့ လျှပ်စစ်ကားသဘောကျနှစ်ခြိုက်မှု သိသိသာသာ မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြပွဲအခုနောက်ဆုံး သီတင်းပတ်မှာ လျှပ်စစ်ကားအမှာစာ နှစ်ဆအထိ မြင့်တက်လာခဲ့တဲ့အတွက် စားသုံးသူ တုံ့ ပြန်မှုဟာ သိသိသာသာမြင့်တက်လာတာဖြစ်ပါတယ်။
ကုန်ကျစရိတ်သက်သာပြီး အသုံးပြုသူတွေအတွက် အဆင်ပြေတဲ့အတွက် ဟိုက်ဘရစ် (နှစ်မျိုးစပ်) ကားတွေရဲ့ ရောင်းအားဟာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
Ref: Toyota tops Bangkok Motor Show bookings, EV share soars to 33%
#PeopleMedia