ဘန်ကောက်ထက် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့မြို့တွေမှာ အိမ်ခြံမြေ ဝယ်လိုအား သိသိသာသာ မြင့်တက်လာ

PUBLISHED - May 13, 2024
နိုင်ငံတကာ၊ မေ ၁၃
၂၀၂၄ ခုနှစ် ပထမသုံးလပတ်ကာအတွင်း ထိုင်းနိုင်ငံအတွင်း အထူးသဖြင့် ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ထွက် သွားလာမှုများပြားတဲ့ ဖူးခက်၊ ပတ္တယာနဲ့ ဟူဝါဟင်မြို့တွေမှာ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ဟာ သိသိ သာသာမြင့်တက်လာခဲ့ပါတယ်။
အဆိုပါကာလအတွင်း ဘန်ကောက်မှာ ကွန်ဒိုတိုက်ခန်းအရောင်း ၂,၃၀၀ သာရှိပေမဲ့ ဖူးခက်နဲ့ ပတ္တယာမှာတော့ တိုက်ခန်းအရောင်း တစ်မြို့ကို ၃,၀၀၀ အထက်မှာရှိပါတယ်။
အဲဒီပမာဏဟာ ၁၅ နှစ်အတွင်း ဘန်ကောက်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်ကို ကျော်တက်သွားတာဖြစ်ပြီး စုစု ပေါင်း ဘတ်ငွေ ၅၆ သန်း ကျော်လွန်သွားတာဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေလှုပ်ရှားရာ အဓိကမြို့ကြီးတွေဖြစ်တဲ့ ဖူးခက်၊ ပတ္တယာနဲ့ ဟူဝါဟင်မြို့တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ အများအပြားတိုးတက်လာကြောင်း Colliers Thailand ကုမ္ပဏီရဲ့ သုတေသနနဲ့ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ပတ္ထရာချိုင်း သာဝီဝေါင်းက ပြောပါတယ်။
“စီမံချက်အများအပြားရဲ့ ရောင်းအားဟာ အမြန်မြင့်တက်လာတဲ့အတွက် ဘန်ကောက်နဲ့ယှဉ်လိုက်ရင် ဖူးခက်နဲ့ ပတ္တယားလို ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားတဲ့မြို့ကြီးတွေမှာ ကွန်ဒိုတိုက်ခန်းဝယ်လိုအားတွေ မြင့်တက် လာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာလှည့်ခရီးသွားဈေးကွက် ပြန်လည်သက်ဝင်လှုပ်ရှားလာမှုရဲ့ ရလဒ်ပဲဖြစ်ပါတယ်။” လို့ ပတ္တရာချိုင်းက ပြောပါတယ်။
၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ဖူးခက်မြို့မှာ ကွန်ဒိုစီမံချက် ၁၂ ခုက ဘတ်ငွေ ၂၅ ဘီလျံကျော်တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ၃,၃၃၈ ခန်း ရောင်းချနိုင်ခဲ့ပါတယ်။
အခုနှစ်ကုန်ခါနီးလောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းစီမံချက်တွေ ၈,၅၀၀ ကျော်လောက်အထိ မြင့်တင်လာနိုင် ကြောင်း ပတ္တရာချိုင်းက ခန့်မှန်းထားပါတယ်။
ပထမသုံးလပတ်အတွင်းမှာပဲ ပတ္တယာမြို့က အိမ်ခြံမြေဈေးကွက်က တဖြည်းဖြည်း ပြန်လည်မြင့်တက်လာရာ စီမံချက်အသစ် သုံးခုက ဘတ်ငွေ ၁၆ ဘီလျံကျော် တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း ၄,၄၉၃ ခန်းကို ရောင်းချနိုင်ခဲ့ပါ တယ်။
ဒါ့အပြင် ချာအမ်၊ ဟူဝါဟင်နဲ့ ပရန်ဘူရီတို့လို မြို့တွေမှာလည်း စီမံချက်အသစ်နှစ်ခုနဲ့အတူ အိမ်ခြံမြေဈေးကွက် မြင့်တက်လာခဲ့ပြီး ကွန်ဒိုတိုက်ခန်း ၆၇၁ ခန်း ရောင်းချနိုင်ခဲ့ရာ သုံးနှစ်အတွင်း အမြင့်ဆုံး အရောင်းမြင့်တက်လာ ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Greater demand for condos in major tourist cities than in Bangkok
#PeopleMedia