ဘန်ကောက် နိုင်ငံတကာမော်တော်ကားပြပွဲမှာ တိုယိုတာကုမ္ပဏီက ဦးဆောင်နေ
PUBLISHED - April 1, 2024
နိုင်ငံတကာ၊ ဧပြီ ၁
ထိုင်းနိုင်ငံ နန်သာဘူရီပြည်နယ် Impact Muang Thong Thani မှာကျင်းပတဲ့ ၄၅ ကြိမ်မြောက် ဘန်ကောက် နိုင်ငံတကာမော်တော်ကားပြပွဲရဲ့ ပထမဦးဆုံး ငါးရက်မြောက်နေ့မှာ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်အမှာ စာ ၁၀,၀၀၀ ကျော် လက်ခံရရှိခဲ့ပါတယ်။
စုစုပေါင်း မော်တော်ကားရောင်းချမှုရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးကို တိုယိုတာကုမ္ပဏီက ဦးဆောင်နေတယ်လို့ ဆိုပါ တယ်။
ပထမငါးရက်အတွင်း အမှာစာ ၁၀,၅၈၉ ရရှိတဲ့အနက် မော်တော်ကားအမှာစာ ၉,၄၆၂ ဖြစ်ပြီး မော်တော်ဆိုင် ကယ်အမှာစာ ၁,၁၂၇ ဖြစ်ပါတယ်။
အခုနှစ်အတွင်း လျှပ်စစ်ကားထုတ်လုပ်ရေးအပြောင်းအလဲဘက်ကို သိသိသာသာ ရွေ့လျားနေပေမဲ့ ဂျပန်ကား ထုတ်လုပ်ရေးဖြစ်တဲ့ တိုယိုတာကုမ္ပဏီက ကားအစီးရေ ၁၈၀၂ စီးအမှာစာရရှိကာ ထိပ်ဆုံးကဦးဆောင်နေပြီး တရုတ်ကုမ္ပဏီ MG ကတော့ ၈၇၁ စီးနဲ့ ဒုတိယလိုက်နေပါတယ်။
နောက်ထပ် တရုတ်ကုမ္ပဏီဖြစ်တဲ့ BYD ကုမ္ပဏီကတော့ ပြီးခဲ့တဲ့နှစ်က ရောင်းအားကောင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ် စတုတ္ထသုံးလပတ်မှာ ရောင်းအားအကောင်းဆုံးဖြစ်ကာ တက်ဆလာကုမ္ပဏီကို ကျော်တက်သွားခဲ့တယ်လို့ ဆို ပါတယ်။
အခုနှစ်ပြပွဲမှာ ပထမဦးဆုံးငါးရက်အတွင်းအမှာစာရရှိခဲ့တာကတော့ တိုယိုတာကုမ္ပဏီက ၁၈၀၂ စီး၊ MG ကုမ္ပဏီက ၈၇၁ စီး၊ ဟွန်ဒါ ကုမ္ပဏီက ၈၁၇ စီး၊ မစ်ဆူဘီရှီကုမ္ပဏီက ၅၅၇ စီးနဲ့ ဖို့ဒ်ကုမ္ပဏီက ၅၅၁ စီးတို့ ဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်အမှာစာရရှိခဲ့တဲ့ ထိပ်တန်းကုမ္ပဏီ ၅ ခုထဲမှာ ယမဟာကုမ္ပဏီက ၃၃၂ စီး၊ ဇီးဟိုကုမ္ပဏီက ၃၁၇ စီး၊ စထရောင်းကုမ္ပဏီက ၈၈ စီး၊ ဟာလေဒီဗီဆင်ကုမ္ပဏီက ၇၂ စီးနဲ့ BMW Motorrad က ၆၈ စီးတို့ဖြစ် ပါတယ်။
မော်တော်ကားပြပွဲကို အမှတ် ၁/၃ Challenger ခန်းမတွေနဲ့ အမှတ် ၄ Impact Forum ခန်းမတို့မှာ ဧပြီလ ၇ ရက်နေ့အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
ပြပွဲကို ရုံးဖွင့်ရက်တွေမှာ မွန်းလွဲပိုင်းကနေ ည ၁၀ နာရီအထိ ခင်းကျင်းပြသသွားမှာဖြစ်သလို စနေ/တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ မနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
Ref: Toyota well ahead of competitors in orders for cars at motor show
#PeopleMedia