ဘယ်လာရုစ်မှာ ဆိုက်ကပ်ထားတဲ့ ရုရှားရဲ့ A-50 လေယာဉ်ကို ဘယ်လာရုစ်အတိုက်အခံ ပြောက်ကျားတွေက တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လု့ိ ဆို
PUBLISHED - February 27, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇
ဘယ်လာရုစ်နိုင်ငံ မင့်စ်ခ်မြို့တော်အနီးလေဆိပ်က လေယာဉ်ပြေးလမ်းမှာရှိနေတဲ့ ရုရှားလေယာဉ်တစ်စင်းကို မြေအောက်ပြောက်ကျားတော်လှန်ရေးသမားတွေက တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဘယ်လာရုစ်ပြည်ပြေးအ တိုက်အခံအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။
“မင့်စ်ခ်မြို့အနီးက မက်ချုလက်ရှ်ချီလေတပ်အခြေစိုက်စခန်းက လေယာဉ်ကွင်းမှာ ရုရှားလေယာဉ်တစ်စင်းကို အောင်မြင်စွာဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောက်ကျားတော်လှန်ရေးသမားတွေက အတည်ပြုပြောကြားခဲ့ပါ တယ်။” လို့ အတိုက်အခံတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆဗီယာလာနာ တီခါနာဆကာယာနဲ့ နီးစပ်တဲ့ အကြံ ပေးဖြစ်သူ ဖရန်နက်ခ်ဗီယာခိုကာက တွစ်တာမှာရေးသားခဲ့ပါတယ်။
“ဒီဖြစ်စဉ်ဟာ ၂၀၂၂ ခုနှစ် နှစ်စကတည်းက အခုအချိန်အထိ အအောင်မြင်ဆုံး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အဲဒီစစ်ဆင်ရေးကို ဘယ်လာရုစ်လူမျိုးတော်လှန်ရေးသမားနှစ်ဦးက ဒရုန်းတွေကို အသုံးပြုပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အဲဒီတော်လှန်ရေးသမားနှစ်ဦးကလည်း ဘယ်လာရုစ်နိုင်ငံထဲကနေ ဘေးကင်းလုံခြုံစွာထွက်ခွာလာနိုင်ခဲ့ ပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ပစ်မှတ်ထားတိုက်ခိုက်ခဲတဲ့ ရုရှားလေယာဉ်ဟာ ယူရိုငွေ သန်း ၃၃၀ (ဒေါ်လာသန်း ၃၄၀) တန်ကြေးရှိတဲ့ A-50 စောင့်ကြည့်ထောက်လှမ်းလေယာဉ်ဖြစ်ကြောင်း ဗီယာခိုကာက ပြောပါတယ်။
“ရုရှားတွေရဲ့ ဘယ်လာရုစ်နိုင်ငံအပေါ် နှစ်မျိုးစပ်သိမ်းပိုက်မှုကို ဆက်လက်ခုခံတွန်းလှန်တဲ့အတွက်ရော ယူက ရိန်းပြည်သူတွေရဲ့လွတ်လပ်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်တဲ့အတွက်ရော ဘယ်လာရုစ်ပြောက်ကျားတော် လှန်ရေးသမားတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။” လို့ ဆဗီယာလာနာ တီခါနာဆကာယာက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
၎င်းတို့ပြောတဲ့စစ်ဆင်ရေးနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သလို ရုရှားတပ်မတော်ဘက်ကလည်း တစ်စုံ တရာသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဘယ်လာရုစ်နိုင်ငံဟာ ရုရှားနိုင်ငံရဲ့ဥရောပဒေသက မဟာမိတ်နိုင်ငံဖြစ်ပေမဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က တိုက်ရိုက်ပါဝင်တိုက်ခိုက်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့အ ချိန်မှာ ဘယ်လာရုစ်အစိုးရက ရုရှားတပ်တွေကို ၎င်းတို့ပိုင်နက်နယ်မြေတွေကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းကိုတိုက်ခိုက်ဖို့ စစ်ခြေစိုက်စခန်းအဖြစ် ဘယ်လာရုစ်လေဆိပ်တွေကိုလည်း အသုံးပြု ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
မကြာသေးခင်ကာလတွေတုန်းက ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ် လာတဲ့အတွက် ဘယ်လာရုစ်အစိုးရအနေနဲ့ ယူကရိန်းစစ်ပွဲမှာတိုက်ရိုက်ပါဝင်ပတ်သတ်လာမှာကို ယူကရိန်းနိုင်ငံ က စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref: Russian A-50 Surveillance Plane Destroyed at Belarus Airstrip: Opposition
#PeopleMedia
(unicode)
………………………………………………….
Ref: Russian A-50 Surveillance Plane Destroyed at Belarus Airstrip: Opposition
#PeopleMedia