• Follow Us on

Home ဘယ်လာရုစ်နိုင်ငံထဲက ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေကို မောင်းထုတ်ပစ်ဖို့ ပိုလန်နဲ့ ဘော်လတစ်သုံးနိုင်ငံ တောင်းဆို

ဘယ်လာရုစ်နိုင်ငံထဲက ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေကို မောင်းထုတ်ပစ်ဖို့ ပိုလန်နဲ့ ဘော်လတစ်သုံးနိုင်ငံ တောင်းဆို

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၉

 

ဘယ်လာရုစ်နိုင်ငံထဲမှာရောက်နေတဲ့ ရုရှား ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေကို နိုင်ငံတွင်းက မောင်းထုတ်လိုက်ဖို့ ပိုလန်အစိုးရနဲ့ ဘော်လတစ်နိုင်ငံအစိုးရတွေက ဘယ်လာရုစ်အစိုးရကို တနင်္လာနေ့ကတောင်းဆိုလိုက်ပါတယ်။

 

“ဘယ်လာရုစ်နိုင်ငံထဲမှာရှိနေတဲ့ ဝဂ္ဂနာအုပ်စုကို နိုင်ငံတွင်းက ချက်ချင်းမောင်းထုတ်လိုက်ဖို့ ဘယ်လာရုစ် သမ္မတအလက်ဇန္ဒားလူကာရှန်ကိုကို ကျွန်တော်တို့တောင်းဆိုခဲ့ပါတယ်။” လို့ ပိုလန်ပြည်ထဲရေးဝန်ကြီး မာရီယု ကာမင်စကီက လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား ပြည်ထဲရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေး နွေးပြီးနောက်မှာ ပြောပါတယ်။

 

ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဟာ ရုရှား၊ ယူကရိန်း၊ ပိုလန်နိုင်ငံတို့နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဘယ်လာရုစ်နိုင်ငံထဲမှာ တပ်ဖြန့်ချထားကြောင်း ပိုလန်နိုင်ငံက ပြောပါတယ်။

 

ဘယ်လာရုစ်သမ္မတလူကာရှန်ကိုက ၎င်းအနေနဲ့ ဝဂ္ဂနာတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝန်းကျင်ကို နိုင်ငံထဲမှာစောင့်ရှောက် ထားကြောင်း မကြာသေးခင်က ပြောကြားလိုက်ပါတယ်။

 

“အင်အားထောင်ပေါင်းများစွာရှိတဲ့အနက်က တချို့တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းစစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ပါ့ မယ်ဆိုတဲ့ကတိကဝတ်နဲ့ ရုရှားအကျဉ်းထောင်တွေက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေဖြစ်ပါတယ်။ တချို့ ကတော့ အတော်လေးစိတ်ဓာတ်ကျ အားပျက်နေကြပြီး လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်ခဲ့ တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။” လို့ ကာမင်စကီက ပြောပါတယ်။

 

“ဒီအဖွဲ့ကြီးဟာ ဘာမဆိုလုပ်နိုင်တဲ့ အဓိကအဖွဲ့ကြီးဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ အရေးကြီးတဲ့ကိစ္စတစ်ခုခုဖြစ် လာပြီဆိုရင် ပိုလန်နိုင်ငံအနေနဲ့ ဘယ်လာရုစ်နဲ့ဆက်စပ်နေတဲ့ နယ်စပ်ဒေသကို ပိတ်ပစ်လိုက်မှာဖြစ်ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။

 

အဲဒီလိုပဲ တရားမဝင်ရွှေ့ပြောင်းသွားလာသူတွေကို နယ်စပ်ဒေသကတစ်ဆင့် ၎င်းတို့နိုင်ငံတွေကို ပြန်လည်စေ လွှတ်လိုက်ဖို့လည်း ဘယ်လာရုစ်နိုင်ငံကို ဘော်လတစ်သုံးနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

 

ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံဟာ ဥရောပဒေသ မငြိမ်မသက်ဖြစ်အောင် ဥရောပသမဂ္ဂနိုင်ငံတွေထဲကို ရွှေ့ပြောင်း သွားလာသူတွေကို မောင်းထည့်နေကြောင်းလည်း ပိုလန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်တစ်နှစ်လုံး ရွှေ့ပြောင်းသွားလာသူ ၁၆၀၀၀ ဝင်ရောက်လာခဲ့ပေမဲ့ ဒီနှစ်ထဲမှာအခုအချိန်အထိ ဘယ် လာရုစ်နိုင်ငံထဲကနေ ပိုလန်နိုင်ငံထဲကို ရွှေ့ပြောင်းသွားလာသူ ၁၉၀၀၀ ဝန်းကျင်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြောင်း ပိုလန်နယ်ခြားစောင့်တပ်က ပြောပါတယ်။

 

Ref: Poland and Baltic Nations Ask Belarus to Expel Russian Fighters

 

#PeopleMedia


Share this post