ဘယ်လာရုစ်သို့ လာရောက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတလူကာရှန်ကို ဖိတ်ခေါ်
PUBLISHED - September 25, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဘယ်လာရုစ်နိုင်ငံသို့ လာရောက် လည်ပတ်ဖို့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ဖိတ်ခေါ်လိုက်ပါတယ်။
ဘယ်လာရုစ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက်မှာ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက မြန်မာနိုင်ငံကို သဝဏ်လွှာပေးပို့ရင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
အနာဂတ်အတွက် နှစ်နိုင်ငံလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး ဆွေးနွေးရန်နဲ့ အနာဂတ်အစီအစဉ်များကို ဆုံးဖြတ် ချက်ချမှတ်ရန်အတွက် ဘယ်လာရုစ်မြေကို မကြာခင်အချိန်အတွင်းလာရောက်ဖို့ လှိုက်လဲှစွာဖိတ်ကြားအပ်ပါ ကြောင်း လူကာရှန်ကိုက ပြောပါတယ်။
Ref: Lukashenka Invites Head of Asian Military Junta To Belaru
#PeopleMedia