ဘယ်လာရုစ်-ရုရှားနယ်စပ်မှာ အနောက်အုပ်စုက စစ်အင်အား ၃၆၀,၀၀၀ တပ်ဖြန့်ချထား
PUBLISHED - August 10, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၀
ဘယ်လာရုစ်-ရုရှားနယ်စပ်မှာ အနောက်မဟာမိတ်အုပ်စုက တပ်ဖွဲ့ဝင်အင်အား ၃၆၀,၀၀၀ တပ်ဖြန့်ချထား လိုက် တာတွေ့ရှိရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၉ ရက်နေ့က ပြောပါတယ်။
အဲဒီတပ်ဖြန့်ချထားတဲ့အင်အားထဲမှာ ဥရောပအရှေ့ပိုင်းဒေသနိုင်ငံတွေက တပ်ဖွဲ့တွေပါဝင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုင်ဂူရဲ့စကားကို ကိုးကားပြီး ရုရှား TASS သတင်းဌာနက ပြောပါတယ်။
ဘယ်လာရုစ်-ရုရှားနယ်စပ်မှာ အဲဒီစစ်အင်အားနဲ့အတူ တင့်ကား/သံချပ်ကာယာဉ် ၈၀၀၀၊ အမြောက်မျိုးစုံနဲ့ စိန်ပြောင်း ၆၀၀၀ လက်၊ လေယာဉ်/ရဟတ်ယာဉ် ၆၅၀ စင်းကိုလည်း တပ်ဖြန့်ချထားကြောင်း ဆာဂျီရှိုင်ဂူ က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး နေတိုးအဖွဲ့ဝင်နိုင်ငံရဲ့ ပြင်ပနိုင်ငံတပ်ဖြန့်ချထားမှုဟာ အင်အား ၃၀၀၀၀ ထက် ကျော်လွန်ပြီး ၂ ဆခွဲမြင့်တက်လာခဲ့တယ်လို့ ဆာဂျီရှိုင်ဂူက ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ အနောက်ဘက်နယ်စပ်ဒေသတွေမှာ တပ်ဖြန့်ချထားပြီးသားရုရှားတပ်တွေကို နောက်ထပ် အင် အားထပ်မံဖြည့်တင်းသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးရှိုင်ဂူက ပြောပါတယ်။
ပိုလန်နိုင်ငံဟာ ယူကရိန်းအနောက်ပိုင်းကို ဝင်ရောက်သိမ်းပိုက်ပြီး ပိုလန်နိုင်ငံထဲဆွဲထည့်ချင်နေပြီး အဲဒီရှိရင်းစွဲ အန္တရာယ်ကိုလည်း ဆာဂျီရှိုင်ဂူက ထောက်ပြပါတယ်။
ပိုလန်အစိုးရဟာ ဥရောပတိုက်မှာ အင်အားအကောင်းဆုံး တပ်မတော်တစ်ရပ်တည်ဆောက်သွားမယ်လို့ ကြေညာထားတာကို ၎င်းက ထောက်ပြပါတယ်။
ပိုလန်နိုင်ငံဟာ ပြောထားတဲ့အတိုင်း အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနိုင်ငံတွေက တင့်ကားတွေ၊ အမြောက်တွေ၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေ၊ ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ တိုက် လေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံကို အများအပြား ဝယ်ယူခဲ့ကြောင်း ၎င်းကပြောပါတယ်။
Ref: About 360,000 military personnel deployed near Belarus-Russia Union State borders
#PeopleMedia