• Follow Us on

Home ဘယ်လ်ဂျီယန်က ဂျာမနီထံက Sea Sparrow ဒုံးကျည်တွေဝယ်ပြီး ယူကရိန်းကိုပို့ပေးမည်

ဘယ်လ်ဂျီယန်က ဂျာမနီထံက Sea Sparrow ဒုံးကျည်တွေဝယ်ပြီး ယူကရိန်းကိုပို့ပေးမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

 

ဘယ်လ်ဂျီယန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဂျာမနီနိုင်ငံက Sea Sparrow (ပင်လယ်စာကလေး) တာတိုပစ်ဒုံး ကျည်တွေဝယ်ယူပြီး အဲဒီဒုံးကျည်တစ်ဝက်ကျော်ကို ယူကရိန်းနိုင်ငံကို ပေးပို့ဖို့ စီစဉ်နေကြောင်း ဘယ်လ်ဂျီယန် သတင်းစာ L’Echo က စက်တင်ဘာလ ၄ ရက်နေ့က ရေးသားထားပါတယ်။

 

ဘယ်လ်ဂျီယန်အစိုးရဟာ အခုဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ ဂျာမန်ဖရီးဂိတ်စစ်သင်္ဘောမှာအသုံးပြုတဲ့ ဒုံးကျည်တစ် စင်းကို ဒေါ်လာ ၇၆၀၀ (ယူရိုငွေ ၇၀၀၀) တန် ရေပြင်-ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည် ၁၄ စင်းကို ဝယ်ယူခဲ့ပါတယ်။ ဘယ်လ်ဂျီယန်အစိုးရဟာ အမေရိကန်ထုတ်အဲဒီဒုံးကျည်တွေထဲက ၈ စင်းကို ယူကရိန်းအစိုးရထံ ပေးပို့လှူဒါန်း သွားဖို့ စီစဉ်နေပါတယ်။

 

အဲဒီဒုံးကျည်တွေကို မြေပြင်-ဝေဟင်ပစ်ဒုံးကျည်တွေအဖြစ်လည်းကောင်း၊ ဒရုန်းတွေမှာတပ်ဆင်အသုံးပြုဖို့အ တွက်လည်းကောင်း ပြန်လည်ပြုပြင်အသုံးပြုနိုင်ကြောင်း L’Echo က ပြောပါတယ်။

 

အမေရိကန်ကပေးမယ့် စစ်လက်နက်ပစ္စည်းတွေထဲမှာ Sea Sparrow ဒုံးကျည်တွေလည်းပါဝင်လာလိမ့်မယ်လို့ Politico သတင်းဌာနက ဇန်နဝါရီလအတွင်းက ရေးသားခဲ့ပါတယ်။

 

ယူကရိန်းစစ်တပ်က အဲဒီ Sea Sparrow ဒုံးကျည်တွေကို ဆိုဗီယက်ထုတ် BUK လောင်ချာတွေထဲ ထည့်သွင်း ပစ်ခတ်နိုင်အောင် အဲဒီ BUK လောင်ချာတွေကို ပြန်လည်မွမ်းမံပြုပြင်ဖို့ နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အခုနှစ် နွေရာသီအစောပိုင်းကာလက နယ်သာလန်၊ လူဇင်ဘတ်နိုင်ငံတို့နဲ့အတူ ဘယ်လ်ဂျီယန်နိုင်ငံက ပြန် လည်မွမ်းမံထားတဲ့ M113 သံချပ်ကာယာဉ် တွေကို ယူကရိန်းနိုင်ငံကို ပို့ပေးဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါ တယ်။

 

အဲဒီနိုင်ငံသုံးနိုင်ငံစလုံးဟာ ယူကရိန်းလေသူရဲတွေကို F-16 ဂျက်တိုက်လေယာဉ် မောင်းနှင်ထိန်းသိမ်းနည်းသင် တန်းတွေပို့ချရာမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇူလိုင်လအတွင်းက လစ် သူယေးနီးယားနိုင်ငံ ဗေးနီးယပ်စ်မြို့မှာကျင်းပခဲ့တဲ့ နေတိုးအဖွဲ့အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။

 

Ref: Belgium buys Sea Sparrow missiles from Germany to deliver to Ukraine

 

#PeopleMedia


Share this post