• Follow Us on

Home ဘယ်လ်ဂျီယန်လေတပ်အတွက် ပထမဦးဆုံး F-35A ဂျက်တိုက်လေယာဉ်ကို လော့ဟိမာတင်ကုမ္ပဏီ ထုတ် ဖော်ပြသ

ဘယ်လ်ဂျီယန်လေတပ်အတွက် ပထမဦးဆုံး F-35A ဂျက်တိုက်လေယာဉ်ကို လော့ဟိမာတင်ကုမ္ပဏီ ထုတ် ဖော်ပြသ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

 

ဘယ်လ်ဂျီယန်နိုင်ငံအတွက် တင်ပို့မယ့် ပထမဦးဆုံး F-35A Lightning II ကိုယ်ပျောက်ဘက်စုံသုံး ဂျက်တိုက် လေယာဉ်ကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖို့တ်ဝေါ့သ်မြို့မှာရှိတဲ့ လေယာဉ်ထုတ်လုပ်ရေးစက်ရုံမှာ လော့ဟိမာတင်ကုမ္ပဏီက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

အခုထုတ်ဖော်ပြသလိုက်တဲ့ ဂျက်တိုက်လေယာဉ်ဟာ ဘယ်လ်ဂျီယန်လေတပ်ရဲ့ F-16 Fighting Falcon ဂျက် တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်လာ ၆.၅၃ ဘီလျံ တန် ကြေးရှိ ပြည်ပနိုင်ငံစစ်လက်နက်ပစ္စည်းရောင်းစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

အဲဒီစာချုပ်အရ သမရိုးကျ အတက်/အဆင်း လုပ်နိုင်တဲ့ F-35A ဂျက်တိုက်လေယာဉ် ၃၄ စင်း၊ လေယာဉ်အင် ဂျင်များနဲ့ လေကြောင်းစစ်ဆင်မှုလေ့ကျင့်ရေးကိရိယာများ ရောင်းချသွားမှာဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယန်လေတပ်ဟာ ပထမဦးဆုံး F-35A ဂျက်တိုက်လေယာဉ်ကို ၂၀၂၄ ခုနှစ်မှာ လက်ခံရရှိမှာဖြစ်ပါ တယ်။

 

အဲဒီဂျက်တိုက်လေယာဉ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်ပနိုင်ငံလေတပ်တပ်ဖွဲ့ဝင်များလေ့ ကျင့်ရေးကျောင်းတည်ရှိရာ အရီဇိုးနားပြည်နယ်က လု (ခ်) လေတပ်အခြေစိုက်စခန်းမှာ ကနဦး တပ်စွဲထားမှာ ဖြစ်ပါတယ်။

 

အနာဂတ်မှာဖွဲ့စည်းသွားမယ့် F-35 ဂျက်တိုက်လေယာဉ်အုပ်ဟာ ဘယ်လ်ဂျီယန်နိုင်ငံ အမျိုးသားလုံခြုံရေးနဲ့ မိတ်ဖက်နိုင်ငံတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို ထပ်မံမြှင့်တင်ပေးသွားမှာဖြစ်ကြောင်း ဘယ်လ်ဂျီယန်တပ်မတော်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးမိုက်ကယ်ဟာ့ဖ်မန်းက ပြောပါတယ်။

 

“ဘယ်လ်ဂျီယန်လေတပ်မှာ အခုလို F-35 ဂျက်တိုက်လေယာဉ်စတင်အသုံးပြုတာဟာ နေတိုးအုပ်စုထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေ၊ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လာမယ့်ဆယ်စုနှစ်တွေ မှာ စစ်ဆင်ရေးတာဝန်တွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေပေးလိုက်တာပါပဲ။” လို့ ဗိုလ်ချုပ်ကြီးဟာ့ဖ်မန်းက ပြောပါတယ်။

 

ဘယ်လ်ဂျီယန်နိုင်ငံရဲ့ F-35 ဂျက်တိုက်လေယာဉ်တွေဝယ်ယူမှုကြောင့် Essential Security Interest စီမံချက် က တစ်ဆင့် ဘရပ်ဆဲလ်မြို့မှာ အဆင့်မြင်အရည်အသွေးနဲ့ ကာလရှည် အလုပ်အကိုင်အခွင့်အလမ်းတွေကို ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ဘယ်လ်ဂျီယန်နိုင်ငံကိုရောက်ရှိလာမယ့် F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ ဆက်စပ်တဲ့ စက်ပစ္စည်းမျိုးစုံထုတ် လုပ်ရေးအဆင့်မြှင့်တင်ဖို့အတွက် အမေရိကန်နဲ့ ဘယ်လ်ဂျီယန် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အခုစီမံချက် မြှင့်တင်သွားမှာဖြစ်ပါတယ်။

 

“ဘယ်လ်ဂျီယန်အစိုးရနဲ့ ကျွန်တော်တို့ ကုမ္ပဏီကြားမှာ အားကောင်းခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ ကျွန် တော်တို့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေအချင်းချင်း အရေးကြီးတဲ့ဆောင်ရွက်ချက်တွေနဲ့ အကြံဉာဏ်တွေမပါရင် ဒီကနေ့ သမိုင်းဝင်ဖြစ်ရပ် ဖြစ်ပေါ်လာနိုင်စရာအကြောင်းမရှိပါဘူး။” လို့ လော့ဟိမာတင်ကုမ္ပဏီရဲ့ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“Essential Security Interest စီမံချက်ကတစ်ဆင့် လော့ဟိမာတင်ကုမ္ပဏီဟာ ဘယ်လ်ဂျီယန်နိုင်ငံရဲ့ လေ ယာဉ်ထုတ်လုပ်မှုစွမ်းရည်နဲ့ ပညာဗဟုသုတတွေကို မြှင့်တင်ပေးသလို အဆင့်မြင့်နည်းပညာအလုပ်အကိုင်တွေ ကို ထောက်ပံ့ပေးရင်း ဘယ်လ်ဂျီယန်နိုင်ငံအတွက် အလွန်ခေတ်မီတဲ့လေယာဉ်ထုတ်လုပ်ရေးနည်းပညာတွေနဲ့ အားသာချက်တွေကို ဆယ်စုနှစ်များစွာကြာအောင် ယူဆောင်လာပေးမှာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

လော့ဟိမာတင်ကုမ္ပဏီဟာ နိုင်ငံတကာလေတပ်စခန်းတွေကို F-35 ဂျက်တိုက်လေယာဉ် အစင်း ၉၈၀ ကျော် တင်ပို့ခဲ့ပြီးဖြစ်သလို F-35 အတွက် လေသူရဲပေါင်း ၂,၂၅၀ ဝန်းကျင်နဲ့ ပြုပြင်ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်ပေါင်း ၁၅,၁၂၅ ဦးကိုလည်း လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

 

Ref: Lockheed Unveils First Belgian Air Force F-35A Fighter Jet

 

#PeopleMedia


Share this post