ဘရာဇီးနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈတစ္သန္းေက်ာ္ႏွင့္ ေသဆုံးသူ ၅၀၀၀၀ ေက်ာ္ၿပီ

PUBLISHED - June 22, 2020
နိုင္ငံတကာ၊ ဇြန္ ၂၁
ဘရာဇီး က်န္းမာေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္အရ ဘရာဇီးနိုင္ငံတြင္ ၿပီးခဲ့သည့္တစ္ရက္အတြင္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၉၆၈ ဦး ထပ္မံ ေသဆုံးခဲ့ရာ ေသဆုံးသူဦးေရမွာ ၅၀၀၅၈ ဦးအထိ ျမင့္တက္လာခဲ့ၿပီ ျဖစ္သည္။
ေတာင္အေမရိကတိုက္ရွိ ဘရာဇီးနိုင္ငံမွာ ကမာၻေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏႈန္းႏွင့္ ကူး စက္မႈႏႈန္း ဒုတိယအျမင့္ဆုံးတိုင္းျပည္ျဖစ္သည္။
ဘရာဇီးနိုင္ငံတြင္ လက္ရွိအခ်ိန္ထိ လူေပါင္း ၁၀၇၀၁၃၉ ဦး ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ရၿပီး ၅၀၀၅၈ ဦး ေသဆုံးကာ ၅၄၃၁၈၆ ဦး ေရာဂါပိုးကင္းစင္ၿပီဟု သိရသည္။
ဘရာဇီးနိုင္ငံထက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈႏွင့္ေသဆုံးမႈႏႈန္း ျမင့္မားေသာတိုင္းျပည္မွာ အေမရိကန္ နိုင္ငံျဖစ္သည္။ အေမရိကန္နိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ၂၂၅၀၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၁၁၉၇၀၀ ေက်ာ္ ျဖစ္ပြားခဲ့သည္။
ဘရာဇီးသမၼတ ဂ်ာဘိုလ္ဆိုနာရိုက ဗိုင္းရပ္စ္ပ်ံ့ႏွံ႕မႈထိန္းခ်ဳပ္ရန္ အသြားအလာကန့္သတ္မႈႏွင့္ တင္းက်ပ္ ေသာ ပိတ္ဆို႔မႈမ်ားျပဳလုပ္မႈကို အၿမဲလိုလို ဆန့္က်င္ခဲ့သည္။ ဘရာဇီးနိုင္ငံ၏စီးပြားေရး ေရွ႕ဆက္ေလ်ာက္လွမ္းနိုင္ ရန္ ျပည္သူတိုင္း ပူးေပါင္းၾကရန္ ၄င္းက ၫႊန္ၾကားခဲ့သည္။
ဘရာဇီးနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအေရအတြက္မွာ တရားဝင္စာရင္းထက္ ၁၅ ဆထက္မ နည္း ပိုမ်ားနိုင္ေၾကာင္း က်န္းမာေရးပညာရွင္မ်ားက ေျပာသည္။ ဘရာဇီးနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအ ေရအတြက္မွာ အေမရိကန္နိုင္ငံထက္ သုံးဆက္ေက်ာ္ မ်ားျပားဖြယ္ရွိသည္ဟု ဆိုသည္။
ဘရာဇီးနိုင္ငံ၏ ေဒၚနယ္ထရမ့္ဟု လူသိမ်ားသည့္ လက္ယာယိမ္းသမၼတ ဘိုလ္ဆိုနာရိုက စီးပြားေရးလုပ္ ငန္းမ်ားကို မဖြင့္လွစ္ပါက ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါထက္ စီးပြားေရးထိခိုက္မႈက ပိုမိုႀကီးမားမည္ဟု ေျပာၾကား သည္။
ကိုးကား – Farsnews
Ref; Coronavirus Death Toll Tops 50,000 in Brazil
[Unicode]
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတစ်သန်းကျော်နှင့် သေဆုံးသူ ၅၀၀၀၀ ကျော်ပြီ
…………………………………………………………………………..
နိုင်ငံတကာ၊ ဇွန် ၂၁
ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၉၆၈ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူဦးရေမှာ ၅၀၀၅၈ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းနှင့် ကူး စက်မှုနှုန်း ဒုတိယအမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် လက်ရှိအချိန်ထိ လူပေါင်း ၁၀၇၀၁၃၉ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ၅၀၀၅၈ ဦး သေဆုံးကာ ၅၄၃၁၈၆ ဦး ရောဂါပိုးကင်းစင်ပြီဟု သိရသည်။
ဘရာဇီးနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်သေဆုံးမှုနှုန်း မြင့်မားသောတိုင်းပြည်မှာ အမေရိကန် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၂၂၅၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၁၉၇၀၀ ကျော် ဖြစ်ပွားခဲ့သည်။
ဘရာဇီးသမ္မတ ဂျာဘိုလ်ဆိုနာရိုက ဗိုင်းရပ်စ်ပျံ့နှံ့မှုထိန်းချုပ်ရန် အသွားအလာကန့်သတ်မှုနှင့် တင်းကျပ် သော ပိတ်ဆို့မှုများပြုလုပ်မှုကို အမြဲလိုလို ဆန့်ကျင်ခဲ့သည်။ ဘရာဇီးနိုင်ငံ၏စီးပွားရေး ရှေ့ဆက်လျောက်လှမ်းနိုင် ရန် ပြည်သူတိုင်း ပူးပေါင်းကြရန် ၄င်းက ညွှန်ကြားခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ တရားဝင်စာရင်းထက် ၁၅ ဆထက်မ နည်း ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောသည်။ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအ ရေအတွက်မှာ အမေရိကန်နိုင်ငံထက် သုံးဆက်ကျော် များပြားဖွယ်ရှိသည်ဟု ဆိုသည်။
ဘရာဇီးနိုင်ငံ၏ ဒေါ်နယ်ထရမ့်ဟု လူသိများသည့် လက်ယာယိမ်းသမ္မတ ဘိုလ်ဆိုနာရိုက စီးပွားရေးလုပ် ငန်းများကို မဖွင့်လှစ်ပါက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထက် စီးပွားရေးထိခိုက်မှုက ပိုမိုကြီးမားမည်ဟု ပြောကြား သည်။
ကိုးကား – Farsnews
Ref; Coronavirus Death Toll Tops 50,000 in Brazil