• Follow Us on
Latest News

Home အမေရိကန်ထုတ် ဘလက်ဟော့ရဟတ်ယာဉ် ၃၂ စင်း ဖိလစ်ပိုင်ဝယ်ယူမည်

အမေရိကန်ထုတ် ဘလက်ဟော့ရဟတ်ယာဉ် ၃၂ စင်း ဖိလစ်ပိုင်ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

 

ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကျော်တန်ဖိုးရှိ ဘလက်ဟော့ရဟတ်ယာဉ် ၃၂ စင်းကို ဝယ် ယူသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။

 

လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဖိလစ်ပိုင်အစိုးရသည် အမေရိကန်ပြည်ထောင်စုက အသုံးပြုခဲ့သော ဗီယက်နမ် ခေတ်ရဟတ်ယာဉ်များနှင့် ဒုတိယကမ္ဘာစစ်ခေတ်လက်ကျန်စစ်သင်္ဘောများကဲ့သို့ စစ်လက်နက်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လော့ဟိမာတင်ကုမ္ပဏီကပိုင်ဆိုင်သော ပိုလန်ကုမ္ပဏီတစ်ခုမှ ဝယ်ယူမည့် S-70i ဘလက်ဟော့ရဟတ်ယာဉ် ၃၂ စင်းမှ ပထမအသုတ်သည် လာမည့်နှစ်အတွင်းရောက်ရှိလာ မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင်လိုရန်ဇာနာက လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။ အ ဆိုပါရဟတ်ယာဉ်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီအလုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

“ကူးစက်ရောဂါတွေဖြစ်ပွားနေတဲ့အချိန်နဲ့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးတဲ့အချိန်မျိုးမှာ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေမရှိတာက ပိုပြီးတော့ အန္တရာယ်ရှိပါတယ်။ ပြုပြင်ထိန်းသိမ်းရမှာ တွက်ခြေမ ကိုက်တော့ဘဲ သက်တမ်းရင့်လာပြီဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံက ဟေးစ် Hueys ရဟတ်ယာဉ်တွေက အခြေအ နေကို ပိုမိုဆိုးရွားစေပါတယ်။” ဟု ဒီဇင်ဘာလအတွင်းက ဝင်ရောက်တိုက်ခတ်ခဲ့သော ရိုင်းတိုင်ဖွန်းမုန်တိုင်းကို ရည်ညွှန်း၍ ၎င်းကပြောသည်။

 

ဒီဇင်ဘာလက ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ ၄၀၀ ကျော် သေဆုံးခဲ့ပြီး အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

ဖိလစ်ပိုင်အစိုးရသည် မတော်တဆမှုများကြောင့် ပျက်စီးဆုံရှုံးမှုများကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ဖိလစ်ပိုင်လေ တပ်မှ ဟေးစ်ဟု လူသိများသော ဘဲလ် UH-1H  ရဟတ်ယာဉ်များကို  S-70i ဘလက်ဟော့ရဟတ်ယာဉ် ၁၆ စင်းဖြင့် လွန်ခဲ့သည့်နှစ်က အစားထိုးခဲ့သည်။

 

ညဘက်လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ် S-70i ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး ရဟတ်ယာဉ်ပေါ်ပါ လေတပ် အရာရှိ/ စစ်သည် ခြောက်ဦးစလုံးသေဆုံးခဲ့ပြီးနောက် လွန်ခဲ့သည့်ဇွန်လအတွင်း ဘလက်ဟဟော့ရဟတ်ယာဉ် အုပ်စုတစ်စုလုံး ပျံသန်းခွင့်ပိတ်ပင်ထားခဲ့သည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ရဟတ်ယာဉ်သည် မမျှော်လင့် ဘဲ မိုးသက်မုန်တိုင်းတစ်ခုအတွင်း ဝင်ရောက်သွားမိခဲ့ပြီး ရဟတ်ယာဉ်မှူးသည် ကြားကွက်လပ်တွင် လမ်း ပျောက်သွားခဲ့ပြီးနောက် မူးနောက်သွားခဲ့သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံသည် ကွန်မြူနစ်သူပုန်များနှင့် အစ္စလာမ်မစ်သူပုန်များ၏ သောင်းကျန်းမှုများကို ကာလရှည် ရင်ဆိုင်နေရသကဲ့သို့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရန်လိုမှုကိုလည်း ရင်ဆိုင်နေရသည့် နိုင်ငံ ဖြစ်သည်။

 

Ref: Philippines to Buy 32 New Black Hawk Helicopters

 

#PeopleMedia

 

(unicode)


…………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Philippines to Buy 32 New Black Hawk Helicopters

 

#PeopleMedia


Share this post