• Follow Us on
Latest News

Home ဘာကီနာဖာဆိုတွင် ဂျီဟတ်ဝါဒီများတိုက်ခိုက်မှုကြောင့် ၄၇ ဦးသေဆုံး

ဘာကီနာဖာဆိုတွင် ဂျီဟတ်ဝါဒီများတိုက်ခိုက်မှုကြောင့် ၄၇ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)

 

ဘာကီနာဖာဆိုနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော ဂျီဟတ်ဝါဒီတို့၏ တိုက်ခိုက်မှုတွင် အရပ်သား ၃၀ ဦး အပါ အဝင် လူပေါင်း ၄၇ ဦးသေဆုံးခဲ့ပြီးနောက် ဘာကီနာဖာဆိုသမ္မတက နိုင်ငံတစ်ဝန်းဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်သတ်မှတ်လိုက်ကြောင်း အင်္ဂါနေ့ကကြေညာခဲ့သည်။

 

ဗုဒ္ဓဟူးနေ့က ဂေါ်ဂတ်ဂျီမြို့အနီး ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုတွင်လည်း ဘာကီနာဖာဆိုစစ်သား ၁၄ ဦးနှင့် ပြည် သူ့စစ် ၃ ဦးသေဆုံးခဲ့သည်။ ဘာကီနာဖာဆိုစစ်သားများနှင့် ပြည်သူ့စစ်များမှာ ဘာကီနာဖာဆို မြောက်ပိုင်းရှိ အာဘင်ဒါမြို့သို့သွား ရောက်မည့် အရပ်သားများအတွက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။

 

တိုက်ပွဲဖြစ်စဉ်အတွင်း ဘာကီနာဖာဆိုစစ်သားများက အကြမ်းသမား ၅၈ ဦးကိုသုတ်သင်နိုင်ခဲ့ပြီး ကျန်သူပုန်များ မှာထွက်ပြေးသွားခဲ့ကြောင်း၊ အရပ်သား ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

 

ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာတို့ သုံးနိုင်ငံပေါင်းစုံသည့် ယင်းနယ်စပ်ဒေသကို ဂျီဟတ်ဝါဒီများက အကြမ်း ဖက်တိုက်ခိုက်ရန် အာရုံစိုက်ပစ်မှတ်ထားသောနိုင်ငံဖြစ်ပြီး အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အ နောက်အာဖရိက၏ ဆာဟဲဒေသမှာ ဘေးဒုက္ခမျိုးစုံကြုံတွေ့နေရသည်။

 

အရပ်သား ၁၁ ဦးအပါအဝင် လူပေါင်း ၃၀ ဦးသေဆုံးခဲ့သော သြဂုတ်လ ၄ ရက်နေ့က နိုင်ဂျာနယ်စပ်အနီးဖြစ် ပွားခဲ့သည့်တိုက်ခိုက်မှုအပါအဝင် သီတင်းပတ်နှစ်ပတ်အတွင်း ဘာကီနာဖာဆိုစစ်သားများကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်မှာ တတိယအကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်သည်။

 

ဘာကီနာဖာဆိုသည် အနောက်အာဖရိကရှိ ဆင်းရဲသော ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ်က တည်းက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုရှိသော ဂျီဟတ်ဝါဒီများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုခံနေရသောနိုင်ငံဖြစ်သည်။

 

ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့ကလည်း နိုင်ငံ၏အရှေ့မြောက်ဒေသရှိ ဆိုလ်ဟန်ကျေးရွာတွင် ဂျီဟတ်ဝါဒီ အ ကြမ်းဖက်သမားများကတိုက်ခိုက်ခဲ့သည့်အတွက် ကလေးသူငယ်များအပါအဝင် လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့ သည်။ မာလီနှင့် နိုင်ဂျာနိုင်ငံတို့နှင့် ထိစပ်နေသောနယ်စပ်ဒေသများတွင် ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်း၊ အစိုးရစစ်သားများကို ခြုံခိုတိုက်ခိုက်ခြင်း ပြုလုပ်လေ့ရှိသည်။

 

ပြည်တွင်းပဋိပက္ခကြောင့်ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲများကြောင့် လူပေါင်း ၁၄၀၀ သေဆုံးခဲ့ပြီး ၁.၃ သန်းမှာ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးနေရကြောင်းသိရသည်။

 

Ref: 47 Killed in Burkina Faso Jihadist Attack

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: 47 Killed in Burkina Faso Jihadist Attack

 

#PeopleMedia


Share this post