ဘာရိန်းနဲ့ အမေရိကန်ရေတပ်အတွက် RTX ကုမ္ပဏီက AGM-154 Joint Standoff ဒုံးကျည်တွေထုတ်လုပ် ပေးမည်
PUBLISHED - December 27, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇
ဘာရိန်းနိုင်ငံနဲ့ အမေရိကန်ရေတပ်တို့အတွက် AGM-154 Joint Standoff ဒုံးကျည်တွေထုတ်လုပ်ပေးဖို့ ဒေါ် လာ ၁၅၆ သန်းတန်ကန်ထရိုက်လုပ်ငန်းတစ်ခုကို RTX ကုမ္ပဏီ (ယခင်ရေသီယွန်ကုမ္ပဏီ) က လက်ခံရရှိလိုက် ပါတယ်။
ကန်ထရိုက်စာချုပ်အရ ဝေဟင်-မြေပြင်ပစ် ဒုံးကျည် ၄၇ စင်းကို တော်ဝင်ဘာရိန်းလေတပ်အတွက်ထုတ်လုပ် ပေးသွားမှာဖြစ်ပြီး အမေရိကန်ရေတပ်အတွက် အစားထိုးဖို့ ဒုံးကျည် ၆ စင်းလွှဲပြောင်းပေးသွားရမှာဖြစ်ပါတယ်။
စာချုပ်ပါသဘောတူညီချက်အရ ထုတ်လုပ်မယ့် ဒုံးကျည်အားလုံးဟာ ခေတ်သစ်စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် AGM-154 Joint Standoff နောက်ဆုံး ပေါ် Block III C မူကွဲအမျိုးအစားကို ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ဒုံးကျည်အရေအတွက်အပြင် ဒုံးကျည်ကွန်တိန်နာတွေ၊ စမ်းသပ်ရေးကိရိယာတွေ၊ အင်ဂျင်နီ ယာနည်းပညာဝန်ဆောင်မှုတွေနဲ့ ဆက်စပ်သင်တန်းထောက်ပံ့မှုတွေကိုပါ RTX ကုမ္ပဏီက ထောက်ပံ့ပေးသွား မှာဖြစ်ပါတယ်။
ဒုံးကျည်ထုတ်လုပ်ရေးအဓိကလုပ်ငန်းကို အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက်သွားဖို့ ခန့်မှန်းထားပါတယ်။
မူလက အမေရိကန်တပ်မတော်အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တဲ့ AGM-154 Joint Standoff ဒုံးကျည်ဟာ စတုတ္ထမျိုးဆက်ဂျက်တိုက်လေယာဉ်တွေနဲ့ ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်သုံးစွဲဖို့အတွက် GPS ပဲ့ထိန်းလမ်းညွှန်စနစ်ကိုအသုံးပြုထားတဲ့ ပထမဦးဆုံး ဝေဟင်-မြေပြင်ပစ် ဒုံးကျည်ဖြစ်ပါတယ်။
AGM-154 Joint Standoff ဒုံးကျည်ကို ဝေဟင်အမြင့် ပေ ၄၀၀၀၀ (၁၂.၂ ကီလိုမီတာ) ကနေ ပစ်ခတ်မယ်ဆို ရင် ရေမိုင် ၆၃ မိုင် (၁၁၇ ကီလိုမီတာ) အကွာအဝေးအထိ ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်တယ်လို့ ဆိုပါ တယ်။
GPS-inertial navigation စနစ်နဲ့ အနီအောက်ရောက်ခြည်သုံး ပစ်မှတ်ရှာကိရိယာတွေတပ်ဆင်ထားပြီး ပေါင် ၁၀၀၀ အလေးချိန်ှရှိတဲ့ ဒီဒုံးကျည်ဟာ ပစ်မှတ်ကို တိတိကျကျရှာဖွေပြီး ထိရောက်စွာပစ်ခတ်နိုင်တယ်လို့ ဆို ပါတယ်။
AGM-154C ဒုံးကျည်ရဲ့ နည်းပညာအချက်အလက်တွေနဲ့ ဆော့ဖ်ဝဲလ်တွေကို အဆင့်မြှင့်တင် တော့မှာဖြစ် ကြောင်း ပြီးခဲ့တဲ့နှစ် ဇွန်လက RTX ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ AGM-154C ဒုံးကျည်တွေကို မူရင်း အမေရိကန်စစ်တပ်အပြင် ဘာရိန်း၊ ကနေဒါနဲ့ ထိုင် ဝမ်နိုင်ငံတို့က ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကတည်းက ဘာရိန်းနိုင်ငံဟာ ၎င်းတို့လေတပ်ရဲ့ F-16 ဂျက်တိုက်လေယာဉ်အုပ်အတွက် အရေအ တွက်မသိရတဲ့ AGM-154C ဒုံးကျည်တွေကို မှာယူခဲ့ပါတယ်။
Ref: RTX to Supply AGM-154 Joint Standoff Weapons to Bahrain, US Navy
#PeopleMedia