ဘာသာရေး အစွန်းရောက် ရွှေခေါင်းလောင်းဆိုသူ စိုင်းအေးကို ၅၀၅-က၊ ၆၆-ဃ၊ ၅၀-ည တို့ဖြင့် အမှုဖွင့် အရေးယူ
PUBLISHED - September 6, 2024
တောင်ကြီး၊ စက်တင်ဘာ ၆
ခရစ်ယာန်ဘာသာရေးခေါင်းဆောင် အမည်ခံ ဘာသာရေးအစွန်းရောက် ရွှေခေါင်းလောင်း စိုင်းအေးကို လုံခြုံရေးအဖွဲ့များက ၅၀၅-က၊ ၆၆-ဃ၊ ၅၀-ည တို့ဖြင့် အမှုဖွင့် အရေးယူလိုက်သည်။
စက်တင်ဘာလ ၂ ရက်နေ့ က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေး တံတားအနီး၌ စိုင်းအေးသည် ထိုင်းဘက်ကို ထွက်ပြေးရန် ပြင်စဉ်ချိန် လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
စိုင်းအေးကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးစဉ် ၎င်း၏ ဖုန်းများအတွင်း၌ MNDAA/TNLA ကို လူသစ်စုဆောင်း ပေးခြင်း၊ ထောက်ပံ့ခြင်း၊ သတင်းပေးခြင်းများကို ဆောင်ရွက်ထားကြောင်း တွေ့ရှိခဲ့သည်။
စိုင်းအေးသည် Facebook၊ တစ်တော့ ပလက်ဖောင်းများ၌ ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ပြောဆိုနေသူတစ်ဦး ဖြစ်သည်။ အလားတူ စိုင်းအေးဆိုသူကို ခရစ်ယာန် ဘာသာရေး အသိုင်းအဝိုင်းက ဘာသာရေးအစွန်းရောက်အဖြစ် လက်ခံထားကြသည်။
#PeopleMedia #စိုင်းအေး #ရွှေခေါင်းလောင်း