• Follow Us on

Home ဘားအံမြို့တွင် အမျိုးသား ၁ ဦး သံလွင်မြစ်အတွင်းသို့ ခုန်ချမှုကြောင့် သေဆုံး

ဘားအံမြို့တွင် အမျိုးသား ၁ ဦး သံလွင်မြစ်အတွင်းသို့ ခုန်ချမှုကြောင့် သေဆုံး

Share this post

နေပြည်တော်၊ မတ် ၆

 

ကရင်ပြည်နယ်၊ ဘားအံမြို့ ရေအရင်းအမြစ်ရုံးအနောက်ဘက် သံလွင်မြစ်အတွင်းသို့ မတ်လ ၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား ၁ ဦး ခုန်ချခဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(ဘားအံ)မှ သိရသည်။

 

ရေအရင်းမြစ်ရုံးအနောက်ဘက် သံလွင်မြစ်ကမ်းမှ မြစ်ထဲသို့ခုန်ချသွားသည်ကို တွေ့ရှိကြောင်း သတင်းရရှိ၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရေငုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့-ကရင်ပြည်နယ်) မှ ဖြစ်စဉ်နေရာသို့ အရေးပေါ်ထွက်ခွာခဲ့ပြီး ပူးပေါင်းအဖွဲ့များနှင့်အတူ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရှာဖွေခဲ့ရာ ယင်းနေ့ည ၈ နာရီအချိန်ခန့်၌ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် သေဆုံးသူ ရုပ်အလောင်းအား ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

သေဆုံးသူမှာ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဈေးတန်းလမ်းနေထိုင်သူ အသက် ၃၈ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post