• Follow Us on

Home ဘားအံမြို့တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ကြက်တောင်ကစားရန်သွားသည့် ကလေးတစ်ဦး သေဆုံး

ဘားအံမြို့တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ကြက်တောင်ကစားရန်သွားသည့် ကလေးတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာလ ၂၀

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ ပေပင်ကျေးရွာအနီးရှိ ကားလမ်းဘေးရှိ လယ်ကွင်းပြင်တွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ကြက်တောင်ကစားရန်သွားသည့် ကလေးတစ်ဦး သေဆုံးသွား ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၈ နာရီကျော်တွင် ပေပင်ကျေးရွာတွင်နေသည့် ကလေးများမှာ ထိုကျေးရွာရှိ လယ်ကွင်ပြင်တွင် ကြက်တောင်ရိုက်ရန်အတွက်သွားစဉ် ထိုလယ်ကွင်းပြင်တွင် PDF များမှ မိုင်းအား ထောင်ထားပြီး ထိုမိုင်းကိုကလေးတစ်ဦးမှ နင်းမိ၍ပေါက်ကွဲသွားကြောင်း သိရသည်။

 

မိုင်းပေါက်ကွက်မူကြောင့် သေဆုံးသွားသည့် အသက် (၁၄) နှစ်အရွယ် စောဝေ့ဒိုထူးမှာ မိုင်းစထိမှန်၍ ဒဏ်ရာ ရရှိသောကြောင့် ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post