• Follow Us on

Home ဘားအံမြို့နယ်တွင် ကျပ် ၂.၃၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘားအံမြို့နယ်တွင် ကျပ် ၂.၃၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇွန် ၂၈

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ငွေကျပ် ၂.၃၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

 

ဇွန်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂နာရီ ၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ လှာကာကျေးရွာနေ သန်းဦး(ခ)ကျော်ပိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁.၆၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၁နာရီ ၃၀ အချိန် စောမြင့်အေး(ခ)ယောက်ချို အား ၎င်းနေထိုင်သည့် လှာကာကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၉၄ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၅.၈၂ သိန်း)အား လည်းကောင်း၊ မွန်းလွဲ ၂နာရီ ၃၀ အချိန် မနန်းမြင့်မြင့်ခင် အား ၎င်းနေထိုင်သည့် လှာကာကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ည ၆ နာရီအချိန် ကော့ထမ္မလိန်းကျေးရွာ နေ မနန်းဝင်းခင် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၈၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၄၀၀)အား ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် သန်းဦး(ခ)ကျော်ပိုင်(၄၅)နှစ်၊ စောမြင့်အေး(ခ)ယောက်ချို(၅၂)နှစ်၊ မနန်းမြင့်မြင့်ခင်(၅၄)နှစ် နှင့် မနန်းဝင်းခင် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post