ဘားအံမြို့နယ်တွင် စစ်ကိုင်းတိုင်းသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
PUBLISHED - August 11, 2023
နေပြည်တော်၊ သြဂုတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား(ဘားအံ) တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ သြဂုတ် ၁၀ ရက်နေ့တွင် သံလွင်တံတားဂိတ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်ရာ စစ်ကိုင်းတိုင်းသို့ပို့ဆောင်မည့် လက်နက်/ခဲယမ်းများကို တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများမှာ M4 သေနတ် ၁ လက်၊ AK သေနတ် ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ ZORAKI ပစ္စတို ၁ လက်၊ Glock ပစ္စတို ၆ လက်၊ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ ၄၀ မမဗုံးသီး ၂၀ လုံး၊ ကျည်ဆံ ၉၀၀ တောင့်တို့ဖြစ်ကြောင်းနှင့် တရားခံအား နောက်ဆက်တွဲ ဆက်လက်ဖော်ထုတ်ဆောင်ရွက်ရန် ကျန်ရှိနေ သေးသဖြင့် မဖော်ပြသေးကြောင်း သိရသည်။
#PeopleMedia