• Follow Us on

Home ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၇၀၀၀ ကျော်အား ပြောင်းရွှေ့နေရာချထား

ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၇၀၀၀ ကျော်အား ပြောင်းရွှေ့နေရာချထား

Share this post

နေပြည်တော်၊ ဇူလိုင် ၂၉

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇူလိုင်လ ၂၈ ရက်နေ့ထိ ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခုဖွင့်လှစ်ထား ပြီး အိမ်ထောင်စု ၁၅၈၉ စု၊ လူဦးရေ ၇၃၃၂ ဦးအား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

 

ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ  စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၅၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၀၁၈ ခုနှစ်တွင် အများဆုံးမြင့်တက်ခဲ့သော ၉၃၈ စင်တီမီတာအထက်ကျော်လွန်၍ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

 

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူများအား လိုက်လံ၍ လိုအပ်သည့်ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သံလွင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် လူနေအိမ်များ အတွင်းရေများဝင်ရောက်ခဲ့သော်လည်း ကယ် ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိဘဲ ၎င်းတို့၏နေအိမ် များတွင်သာ ဆက်လက်နေထိုင်သော အိမ်ထောင်စုများအား နေ့လည်စာထမင်းဗူးများကို လိုက်လံဝေငှပေးရာ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများတွင် ပြောင်းရွှေ့နေထိုင်ခြင်းမရှိသော အိမ်ထောင်စုလူဦးရေအလိုက် ထမင်းဘူးများနှင့် ရေသန့်ဘူးများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကိုယ်တိုင် လှေငယ်များဖြင့် အိမ်တိုင်ရာရောက် လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ မြစ်ရေချောင်း ရေများ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ထိ ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ခု၊ လှိုင်းဘွဲမြို့နယ်တွင် ရေဘေးကယ်ဆယ် ရေးစခန်း(၁၀)ခု၊ ကော့ကရိတ်မြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေဘေး ကယ်ဆယ်ရေးစခန်း(၃)ခု၊ မြဝတီမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း(၁၃)ခု၊ ကမမောင်း မြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁)ခုတို့ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေးခဲ့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post