
PUBLISHED - May 22, 2020
ရန်ကုန်၊ မေ – ၂၂
(Unicode)
ဘားအံမြို့ရှိ ကန်သာယာရေကန်၌ ငါးခိုးဖမ်းသူ (၅)ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ကရင်ပြည်နယ်ရဲတပ် ဖွဲ့ သတင်းထုတ်ပြန်
………………………………………………
ရန်ကုန်၊ မေ – ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကန်သာယာရေကန်အတွင်း၌ ငါးခိုးဖမ်းသူ(၅)ဦးကို ဘားအံမြို့မရဲစခန်း တာဝန်ရှိ သူများက မေ(၂၁)ရက်နေ့၌ ဖမ်းဆီးလိုက်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကန်သာယာရေကန်သည် ငါးမဖမ်းရန်တားမြစ်ထားသည့် ကန်တစ်ခုဖြစ်ပါတယ်။ ငါးကန်အတွင်း၌ ငါးခိုးဖမ်း သည့် စောဝင်း၊ အောင်မျိုးထိုက်၊ နေလင်းအောင်၊ စိုးဝင်းနှင့် စိုးနိုင်တို့(၅)ဦးတို့ကို သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်၌ ကျူးလွန်သူများကို ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၃၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
Photo – ကရင်ပြည်နယ်ရဲတပ်ဖွဲ့
#PeopleMedia #ကရင်ပြည်နယ်ရဲတပ်ဖွဲ့