• Follow Us on

Home ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းအား KNU/PDF မှ မိုင်းခွဲဖျက်ဆီး

ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းအား KNU/PDF မှ မိုင်းခွဲဖျက်ဆီး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်း၊ မိုင်တိုင်အမှတ် (၁၂/၄)၊ တံတားအမှတ်(၂/၁၃)အား KNU/PDF အဖွဲ့များက ယမန်နေ့ နံနက်စောပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏ အောက်ခြေအလယ်ကွန်ကရစ်တိုင်မှာ ကွဲအက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖောက်ခွဲရာနေရာတွင် KNU/PDF တံဆိပ်ပါ ပျောက်ကျားဦးထုပ် (၁) လုံး၊ ဝါးလှေကား (၁) ခုတို့အား တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post