ဘိလပ်မြေအိတ် (၁၀၀) အား တင်ဆောင်သည့်ယာဉ် နစ်မြှုပ်မှုကြောင့် အသက် (၂) နှစ်အရွယ်ကလေး အပါအဝင် စုစုပေါင်း ၄ ဦး ပျောက်ဆုံး
PUBLISHED - March 1, 2023
နေုပြည်တော်၊ မတ် ၁
မြောင်းမြမှ လပွတ္တာသို့ပြေးဆွဲနေသည့် လှိုင်းရာဇာ(၂) ရှပ်ပြေးခရီးသည်ရေယာဉ်သည်ပေါ်တွင် ဘိလပ်မြေ အိတ် (၁၀၀) တင်ဆောင်သည့်ယာဉ် နစ်မြှုပ်သောကြောင့် ထိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် (၂) နှစ်အရွယ်ကလေးအပါအဝင် စုစုပေါင်း ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ယနေ့နံနက် ၃ နာရီအချိန်ဝန်းကျင်တွင် မြောင်းမြမြို့မှ ထွက်ခွာလာသည့် ခရီးသည်ယာဉ်မှာ ပြင်ရွာကျေးရွာသို့ ဘိလပ်မြေအိတ် (၁၀၀) အား ကမ်းနားသို့ ကမ်းစဉ် ရေဝင်ပြီးနစ်ခဲ့ကြောင်း သိရပါတယ်။
ထိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် (၂)နှစ်အရွယ် မခက်စစ်မာန်၊ အသက်(၆)နှစ်အရွယ် မောင်ဇွဲမာန် အောင်၊ အသက် (၃၃)နှစ်အရွယ် ဒေါ်နှင်းလဲ့ဝေနှင့် အသက်(၆၀) နှစ်အရွယ် ဒေါ်သန်းသိန်းတို့ပျောက်ဆုံး နေကြောင်း သိရပါတယ်။
ထိုပျောက်ဆုံးနေသည့် နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းနှင့် တာဝန်ရှိသူများမှ လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia
(unicode)
……………………………………
Photo – Credit
#PeopleMedia