ဘိုင်ဒန်ကျမ်းကျိန်မှုမတိုင်မီ လက်နက်ကိုင်ဆန္ဒပြမှုများဖြစ်လာနိုင်ကြောင်း FBI သတိပေး

PUBLISHED - January 12, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဝါရှင်တန်ဒီစီနှင့် အမေရိကန်ပြည်နယ် ၅၀ စလုံး၏မြို့တော်များအားလုံးတွင် ဇန်နဝါရီ ၂၀ ရက်၌ကျင်းပမည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်၏သမ္မတအဖြစ် ကျမ်းကျိန်သစ္စာပြုပွဲတွင် လက်နက်ကိုင်ဆန္ဒ ပြမှုများဖြစ်လာနိုင်သည်ဟု အမေရိကန်ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို FBI ကသတိပေးထားကြောင်း အမေရိကန်ပြည်ထောင်စုအဆင့်တရားဥပဒေစိုးမိုးရေးသတင်းရင်းမြစ်တယောက်က တနင်္လာနေ့တွင်ပြော သည်။
ပြီးခဲ့သည့်တပတ်က အမေရိကန်လွှတ်တော်အဆောက်အဦကို သမ္မတ ဒေါ်နယ် ထရမ့်အပေါ်ထောက်ခံ သူများက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လာမည့်သီတင်းပတ်ကုန်နှင့် ကျမ်းကျိန်သည့်နေ့အထိ သတိပေး ချက်ထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်ကပြောသည်။
မြို့တော်ကိုလုံခြုံစိတ်ချစေရန်ခြေလှမ်းများအနေဖြင့် ဝါရှင်တန်တွင် တပ်ဖွဲ့ဝင် ၁၅၀၀၀ နေရာချထားရန် အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ကို ညွှန်ကြားထားပြီး ဇန်နဝါရီ ၂၄ ရက်အထိ ခရီးသည်များကို ဝါရှင်တန်ရှိအထိမ်းအမှတ်အဆောက်အဦများထံသွားရောက်ခွင့်ပိတ်ထားသည်။
စနေနေ့တွင် ဝါရှင်တန်၌ တပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့်ကို ဝါရှင်တန်တွင်နေရာချထားမည်ဟု အမျိုးသားအစောင့်ဗျူရို အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟိုကန်ဆန်ကပြောသည်။
ဒေသခံအာဏာပိုင်များကတောင်းဆိုပါက ၁၅၀၀၀ အထိ တိုးပေးနိုင်သည်ဟုလည်း သူကပြောသည်။
အထက်လွှတ်တော်အမတ် ခရစ္စ မာဖီကလည်း ယာယီကာကွယ်ရေးဝန်ကြီးထံစာပို့ပြီး ပို၍အရေးတယူ ဆောင်ရွက်ရန် တောင်းဆိုထားသည်။
Ref : FBI warns of armed protests ahead of Biden inauguration
#PeopleMedia
(unicode)
………………………………………….
Ref : FBI warns of armed protests ahead of Biden inauguration
#PeopleMedia