• Follow Us on
Latest News

Home ဘိုင်ဒန်အစိုးရလက်ထက်မှာ အမေရိကန်တပ်မတော်သားမိသားစုဝင်တွေ ဘဝအဆင့်အတန်းနိမ့်ကျသွားတယ် လို့ ခံစားရကြောင်း ဆန်းစစ်လေ့လာမှုတစ်ခုမှာ ပြောဆို

ဘိုင်ဒန်အစိုးရလက်ထက်မှာ အမေရိကန်တပ်မတော်သားမိသားစုဝင်တွေ ဘဝအဆင့်အတန်းနိမ့်ကျသွားတယ် လို့ ခံစားရကြောင်း ဆန်းစစ်လေ့လာမှုတစ်ခုမှာ ပြောဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၈

 

သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်တပ်မတော်မိသားစုဝင်တွေအနေနဲ့ ငွေကြေးအခက်အခဲတွေ ကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံအဆင့်အတန်း နိမ့်ကျသွားတယ်လို့ ခံစားရကြောင်း တပ်မတော် မိသားစုဝင်များအကြံပေးကွန်ရက် (MFAN – Military Family Advisory Network) ရဲ့ ကြာသပတေးနေ့ (ဇွန် လ ၂၇ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့ ဆန်းစစ်လ့လာမှုတစ်ရပ်အဖြေအရ သိရပါတယ်။

 

တပ်တွင်းမိသားစုဝင်တွေရဲ့ ကျန်းမာရေးဟာ အကောင်းဆုံးအခြေအနေမှာရှိကြောင်း ၂၀၂၁ ခုနှစ်မှာပြုလုပ်ခဲ့ တဲ့ဆန်းစစ်လေ့လာမှုမှာ ၄၁% က ဖြေကြားခဲ့ပေမဲ့ အခုနှစ် ဆန်းစစ်လေ့လာမှုမှာတော့ ၂၇% ကသာ မိသားစု ဝင်တွေကျန်းမာရေးအကောင်းဆုံးဖြတ်တယ်လု့ိ ဖြေကြားခဲ့ကြောင်း MFAN က ပြောပါတယ်။

 

တပ်တွင်းမိသားစုဝင်တွေ ခံစားနေရတဲ့ အကြီးမားဆုံး စိုးရိမ်သောကတွေထဲမှာ ငွေကြေးမလုံလောက်မှု၊ နေထိုင် မှုအဆင့်အတန်းနိမ့်ကျမှုနဲ့ စားဝတ်နေရေးစရိတ်ကြီးမြင့်မှုတို့ပါဝင်ပါတယ်။

 

တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရန်တပ်ဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အငြိမ်းစားတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေ စုစုပေါင်း လူဦးရေ ၁၀,၀၀၀ ကျော်ကို ဆန်း စစ်လေ့လာခဲ့တာဖြစ်ပါတယ်။

 

“ဆန်းစစ်လေ့လာမှုကနေ ထွက်ပေါ်လာတဲ့ရလဒ်တွေဟာ တပ်မတော်အသိုင်းအဝိုင်းမှာ ကိုင်တွယ်ဖြေရှင်း ရမယ့် ပြန်ပေါ်လာတဲ့လိုအပ်ချက်တွေနဲ့ လိုအပ်ချက်အသစ်တွေကို အသေးစိတ်ထောက်ပြထားတာဖြစ်ပါ တယ်။” လို့ MFAN က ပြောပါတယ်။

 

ဆန်းစစ်လေ့လာမှုမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင် ၂၇.၇% က စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံ တွေ့နေရတယ်လို့ ပြောပါတယ်။

 

တပ်မတော်သား ဇနီး/ခင်ပွန်း ၂၁% ကတော့ ၎င်းတို့အနေနဲ့ အလုပ်လက်မဲ့ဖြစ်နေကြောင်း ပြောပါတယ်။

 

တပ်မတော်မိသားစုဝင် ၅၉% က အထီးကျန်နေတယ်လို့ ခံစားရပြီး ၁၁% ကတော့ ကိုယ့်ကိုယ်ကိုယ် သတ် သေဖို့ စဉ်းစားခဲ့တယ်လို့ ဖြေပါတယ်။

 

တပ်မတော်မိသားစုဝင် ၈၀% က အိမ်ငှားစရိတ်ဒုက္ခတွေနဲ့ နပမ်းလုံးနေရတယ်လို့ ဖြေကြားပြီး ၂၀% ကသာ အိမ်ရာနဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် ငွေကြေးသုံးစွဲနိုင်တယ်လို့ ဖြေပါတယ်။

 

၂၀၂၁ ခုနှစ်မှာ တပ်မတော်ထဲဝင်ဖို့ထောက်ခံတဲ့သူက ၆၂% ရှိပေမဲ့ အခုနှစ်မှာတော့ တပ်ထဲဝင်ဖို့ထောက်ခံသူ ၅၇% ပဲရှိပါတယ်။ စားဝတ်နေရေးစရိတ်ကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုတို့ကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ ၅၁.၈% ငွေကြေးစုဆောင်းနိုင်ခြင်းမရှိခဲ့ဘူးလို့ ဖြေကြားပါတယ်။

 

“စားဝတ်နေရေးစရိတ်က အရမ်းကြီးမြင့်ပြီး လစာက သာမန်လောက်ပဲရပါတယ်။ ခင်ဗျား ဘယ်နေရာသွားသွား ဈေးကြီးတာတွေပဲ တွေ့ရလိမ့်မယ်။ ဘာတစ်ခုမှ ဈေးမသက်သာပါဘူး။” လို့ ပြန်လည်ဖြေကြားသူတစ်ဦးက ပြော ပါတယ်။

 

Ref: 55 Percent of Military Families Worse Off Under Biden and Most Military Families Say They’re Getting Crushed Under The Weight Of Biden’s Economy

 

#PeopleMedia


Share this post