• Follow Us on
Latest News

Home ဘိုးဘွားများ၏ အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ၊မရှိကို ကြည့်ရှုစစ်ဆေးလျက်ရှိဟု လူ့အခွင့်အရေးကော်မ ရှင် ထုတ်ပြန်

ဘိုးဘွားများ၏ အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ၊မရှိကို ကြည့်ရှုစစ်ဆေးလျက်ရှိဟု လူ့အခွင့်အရေးကော်မ ရှင် ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ဘိုးဘွားရိပ်သာများသို့သွားရောက်၍ ဘိုးဘွားများ၏ အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ၊ မရှိကို ကြည့်ရှုစစ် ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်ထားသည်။

 

သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံမှု ရပိုင်ခွင့်များရရှိစေရန် ကုလသမဂ္ဂအထွေထွေညီလာခံက (၄၆/၉၁) ဖြင့် ချမှတ်ခဲ့သော အခြေခံမူများမှာ သက်ကြီးရွယ်အိုများသည် စားဝတ်နေရေးနှင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းကျန်းမာရေး စောင့်ရှောက်မှုများရရှိခွင့်၊ အခြားဝင်ငွေ ရှာဖွေနိုင်သည့် အခွင့်အလမ်းများရရှိခွင့်၊ အသင်းအဖွဲ့များတွင် ပါဝင်ဖွဲ့ စည်းဆောင်ရွက်ခွင့်၊ ရေရှည်ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့အဖွဲ့အစည်း၏ ပညာရေး၊ ယဉ်ကျေးမှုနှင့် အပန်း ဖြေမှုဆိုင်ရာ အရင်းအမြစ်များရရှိသုံးစွဲခွင့်၊ လူ့ဂုဏ်သိက္ခာနှင့် လေးစားထိုက်သူများ ဖြစ်စေခွင့်စသည့် အခွင့် အရေးများ ဖော်ပြထား‌ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်က အိုမင်းမစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု နိုင်ငံတော်၏ အခြေခံမူတွင် ဖော်ပြထားသည့်အပြင် သက်ကြီးရွယ်အိုအသက်အား ၆၀ နှစ်အထက်ဟုသတ်မှတ်ပြီး အခွင့် အရေးများကိုလည်း သက်ကြီးရွယ်အိုဆိုင်ရာဥပဒေ၌ ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်သည် ၂၀၁၆ ခုနှစ်တွင် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (South East Asia National Human Rights Institutions Forum- SEANF) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ယူစဉ် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ဖိုရမ်၏ထုတ်ပြန်ချက်တစ်ရပ်ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

သက်ကြီးရွယ်အို အရေအတွက် တိုးမြင့်လာသည်နှင့်အမျှ ၎င်းတို့၏အခွင့်အရေးများကို မြှင့်တင်ကာကွယ် စောင့်ရှောက်ရန် လိုအပ်လာခြင်းကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးများ ပိုမိုသိရှိကျင့်သုံးလာနိုင်ရေးအတွက် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ခြင်း (Caregiver) သင်တန်းများသို့ သက်ကြီးရွယ်အိုအခွင့်အရေးများ ဘာသာရပ်သင်ခန်းစာ သွားရောက်ပို့ချလျက်ရှိ သည့်အပြင် ဘိုးဘွားရိပ်သာများသို့သွားရောက်၍ ဘိုးဘွားများ၏ အခြေခံလူ့အခွင့်အရေးများရရှိခြင်းရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးလျက်ရှိ‌ကြောင်း ထုတ်ပြန်ထားသည်။

 

အသက်အရွယ်ကြီးရင့်မှုကြောင့် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ ချန်လှပ်ခြင်းနှင့် အခြားသောလူ့အခွင့် အရေးချိုးဖောက်မှုများကင်းဝေးပြီး အသက်ရှည်ရှည်နေရုံမျှမက ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်ကြစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များက သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ပေးခြင်း သည် အသက်ကြီးရင့်မှုကို အလေးထားသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရေး ဆက် လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post