• Follow Us on
Latest News

Home ဘိုးရင်းကုမ္ပဏီက MQ-25 မောင်းသူမဲ့ဆီဖြည့်လေယာဉ် စမ်းသပ်ပျံသန်းဖို့ လွှဲပြောင်းပေး

ဘိုးရင်းကုမ္ပဏီက MQ-25 မောင်းသူမဲ့ဆီဖြည့်လေယာဉ် စမ်းသပ်ပျံသန်းဖို့ လွှဲပြောင်းပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

 

ဘိုးရင်းကုမ္ပဏီက အမေရိကန်ရေတပ်အတွက် ပထမဦးဆုံး MQ-25 Stingray မောင်းသူမဲ့ဆီဖြည့်လေယာဉ်ကို စမ်းသပ်ပျံသန်းဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။

 

လေယာဉ်ပေါင်းစပ်တည်ဆောင်မှုကို အသေးစိတ် တိတိကျကျ ဆန်းစစ်လေ့လာပြီး အကဲဖြတ်သွားမှာဖြစ် ကြောင်း ဘိုးရင်းကုမ္ပဏီက X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

 

လေယာဉ်တင်သင်္ဘောအခြေစိုက် မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးစီမံချက်ကို ၂၀၂၆ ခုနှစ် အထိ ရွှေ့ ဆိုင်း လိုက်တဲ့အတွက် ထုတ်လုပ်ရေး ကြန့်ကြာနေစဉ်အတွင်းမှာ အခုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ၊ ဆန်းစစ်လေ့လာမှုတွေ မလုပ်ရသေးဘဲနဲ့ ကနဦးစမ်းသပ်စစ်ဆေးမှုကို ဆောင်ရွက်ဖို့ အမေရိကန်ရေတပ်က ကြေညာခဲ့ပါတယ်။

 

ကနဦးစမ်းသပ်စစ်ဆေးမှုဆောင်ရွက်ပြီးတာနဲ့ အရည်အတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ပြီး ကန့်သတ် ထားတဲ့စစ်ဆင်ရေးတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

F/A-18 ဂျက်တိုက်လေယာဉ်တွေအတွက် လေယာဉ်ဆီဖြည့်ပေးဖို့နဲ့ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက် လှမ်းရေးနဲ့ ကင်းထောက်တာဝန်တွေ ထမ်းဆောင်ဖို့အတွက် MQ-25 မောင်းသူမဲ့ဆီဖြည့်လေယာဉ်တွေကို အ လောတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

MQ-25 မောင်းသူမဲ့ဆီဖြည့်လေယာဉ်ဟာ လောင်စာဆီအများအပြားသယ်ဆောင်နိုင်တဲ့အတွက် အမေရိကန် လေယာဉ်တင်သင်္ဘောတွေပေါ်မှာအသုံးပြုတဲ့ F/A-18 ဂျက်တိုက်လေယာဉ်အတွက် တာဝေးပိုမိုပျံသန်းနိုင်သ လို ကုန်ကျစရိတ်လျှော့ချနိုင်ပြီး တိုက်ပွဲဝင်အသင့်ဖြစ်မှုကိုလည်း မြှင့်တင်နိုင်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်ရေတပ်ဟာ MQ-25 Stingray မောင်းသူမဲ့ဆီဖြည့်လေယာဉ် ၇၃ စင်း ဝယ်ယူသွားဖို့ ရည်ရွယ်ထား ပါတယ်။

 

Ref: Boeing Delivers US Navy MQ-25 Aerial Refueling Drone for Testing

 

#PeopleMedia


Share this post