ဘီးလင်းမြို့၌ လက်လုပ်မိုင်းထောင်နေစဉ် အမျိုးသားနှစ်ဦး မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံး

PUBLISHED - November 19, 2021
မွန်ပြည်နယ်၊ နိုဝင်ဘာ ၁၉ (People Media)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ရန်ကုန် ကားလမ်းအနီး၌ လက်လုပ်မိုင်းထောင်နေစဉ် မိုင်းကွဲပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။
“ဖြစ်စဉ်မှန်ပါတယ်။ ယနေ့ နံနက်ပိုင်းက ဖြစ်သွားတာပါ။ လုံခြုံရေးယာဉ်တန်းကို ထောင်ဖို့လုပ်ရင်း မိုင်းကွဲပြီး သေသွားတာ” လို့ ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မိုင်းထောင်အမျိုးသားနှစ်ဦးသည် လိုင်စင်မဲ့ယာဉ်တစ်စီးဖြင့် လက်လုပ်မိုင်းများကို သယ်ဆောင်လာပြီး မိုင်း ထောင်နေစဉ် မိုင်းကွဲပြီး သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ PDF အဖွဲ့ဝင်များသည် လက်လုပ်မိုင်း ပြုလုပ်ရာ၌ မိုင်းကွဲပြီး သေ ဆုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
#PeopleMedia #ဘီးလင်းPDF
(unicode)
…………………………………………………………..