ဘီးလင်းနှင့် ကန့်ဘလူတို့တွင် PDF မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း မိုင်းထောင်ဖောက်ခွဲခြင်းများကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တို့တွင် PDF မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း မိုင်းထောင်ဖောက်ခွဲခြင်းများကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက် စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်သီတာအေး (၄၆)နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ မချောစုလွင် (၁၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် သထုံခရိုင်ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အလားတူ ကန့်ဘလူမြို့နယ်၊ ဂါးထာကျေးရွာနေ ဒေါ်မာတင် (၄၁)နှစ် သည် ကျေးရွာ၏အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ တောအတွင်း၌ ဝါးခုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကန့်ဘလူမြို့ခုတင် (၁၀၀)ပြည်သူ့ဆေးရုံကြီး၌ ဆေးကုမှု ခံယူနေရကြောင်း သိရသည်။
#PeopleMedia