• Follow Us on
Latest News

Home ဘီးလင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံအားပေးသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

ဘီးလင်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံအားပေးသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ဇွဲကလာကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီအားထောက်ခံအားပေးသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက် ည ၇ နာရီကျော်တွင် ဇုတ်သုတ်ကျေးရွာဘက်မှ ဇွဲကလာကျေးရွာသို့ Honda Fit မော် တော်ယာဉ်ဖြင့် မောင်းနှင်လာသည့် အမျိုးသားတစ်ဦးမှာ ထိုဇွဲကလာကျေးရွာရှိ ၎င်း၏နေအိမ်အနီးအ ရောက် တွင် PDF များမှ သေနတ်ဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

 

သေနတ်ဖြင့်ပစ်ခတ်ခံရမူကြောင့် ဒဏ်ရာပြင်းထန်ရရှိသည့် ပြည်ခိုင်းဖြိုးပါတီထောက်ခံရပေးသည့် အသက်(၆၆) နှစ်အရွယ် ဦးဉာဏ်ထွန်း(ခ)ဦးပေါဖြစ်ပြီး ၎င်းကို ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် ည ၈ နာရီကျော်တွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post