ဘီးလင်းမြို့တွင် ဖဲရိုက်ကစားရာမှ ရန်ဖြစ်စကားများပြီး အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

PUBLISHED - January 3, 2024
နေပြည်တော်၊ ဇန်နဝါရီ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးမြောက်ပိုင်း၊ ရွာကြီးကွက်သစ်ပိုင်းတွင် ဖဲရိုက်ကစားရာမှတစ်ဆင့် အမျိုးသားနှစ်ဦး ရန်ဖြစ်စကားများပြီး အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး သွားကြောင်း သိရသည်။
ဇန်နဝါရီလ ၂ ရက် ညနေ ၃ နာရီကျော်တွင် ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးမြောက်ပိုင်း ၊ ဗေဒါလမ်းရှိကြွက်ဆင်၏ နေအိမ်တွင် ဖဲရိုက်နေရင်း အောင်ဆန်းဦး၏ ဖဲရွက်များကို ချစ်ဝင်းမှ ဆွဲယူလွှင့်ပစ်သောကြောင့် ၎င်းတို့နှစ်ဦး ရန်ဖြစ်စကားများခဲ့ပြီး လမ်းပေါ်သို့ထွက်၍ ထိုးကြိတ်ရာမှာ မိခင်နှစ်ဦးမှ မဖြစ်ရန်တားခဲ့ကြောင်း သိရသည်။
ထိုအချိန်တွင် အရက်မူးနေသည့် ချစ်ဝင်းမှာ လမ်းပေါ်သို့လဲကျ၍ အောင်ဆန်းဦးမှာ ၎င်း၏နေအိမ်ရှိ သံပိုက်ရိုး မှာ အနက်ရောင်နိုင်လွန်ကြိုးရစ်ပတ်ထားသည့် အရိုး ၇ လက်မခန့်၊ အသွား ၂ ပေခန့်ရှိ ဓါးရှည်းအားယူ ဆောင်၍ ချစ်ဝင်းကို ထိုးသတ်ခဲ့ကြောင်း သိရသည်။
ကျူးလွန်ခံရသည့် ချစ်ဝင်း၏ မိခင်ဖြစ်သူမှ အောင်ဆန်းဦးကို အရေးယူပေးရန် သက်ဆိုင်ရာရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၀၂၊ အမှုကြီးအ မှတ်စဉ်(၁/၂၀၂၄)အရအမှုရေးဖွင့်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia