• Follow Us on
Latest News

Home ဘီးလင်းမြို့တွင် အမျိုးသမီးတစ်ဦး သေနတ် (၇) ချက် ပစ်ခတ်ခံရ၍ သေဆုံး

ဘီးလင်းမြို့တွင် အမျိုးသမီးတစ်ဦး သေနတ် (၇) ချက် ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ အလူးလေးကျေးရွာအုပ်စု၊ အလူးအနောက်ရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး သေနတ် (၇) ချက်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းက PDF (၇) ဦးမှ မော်တော်ဆိုင်ကယ် (၃) စီးဖြင့် အလူးအနောက်ရွာရှိ ဒေါ်ကေသီ၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်အတွင်း သားဖြစ်သူနှင့်အတူရှိနေစဉ်အတွင်း ထိုအမျိုးသမီးကို သေနတ် ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရမှုကြောင့် အသက် (၅၀) နှစ်အရွယ် ဒေါ်ကေသီမှာ ညာဘက်မျက်လုံးအောက်နှင့် ညာဘက်နား ထင်အောက်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက်၊ ညာဘက်လက်ခုံကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဆီးခုံဖောက်ဝင် ဒဏ်ရာ (၁) ချက်၊ ရင်ညွှန့်ဖောက်ဝင် ဒဏ်ရာ (၂) ချက်နှင့် ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ (၂) ချက်တို့ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post