ဘီးလင်းမြို့တွင် KNU/PDF များပစ်ခတ်သည့် ဗုံးသီးမှာပေါက်ကွဲ၍ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ
PUBLISHED - January 8, 2024
နေပြည်တော်၊ ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ ကျိုက်ထိခရိုင်၊ ဘီးလင်းမြို့၊ ကျိုက်ထိုခရိုင်ဘီးလင်းမြိုနယ်၊အလူးလေးကျေးရွာရှိ JL Group အ ထပ်သားစက်ရုံအနီးတွင် ငှားရမ်းနေထိုင်သည့် နေအိမ်ထဲ၌ ထမင်းစားနေသည့် ဇနီးမောင်နှံနှစ်ဦးမှာ KNU/PDF များပစ်ခတ်သည့် ဗုံးသီးမှာပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီအချိန် အလူးလေးကျေးရွာရှိ JL Group အ ထပ်သားစက်ရုံတွင် အလုပ်လုပ် သည့် ဇနီးမောင်နှံနှစ်ဦးမှာ ထိုစက်ရုံအနီးရှိ ငှားရမ်းနေထိုင်သည့် နေအိမ်ထဲတွင် ထမင်းစားနေရင်း KNU/PDF များပစ်ခတ်သည့် ဗုံးသီးမှာ ထိုနေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲမူကြောင့် ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထိုကျရောက်ပေါက်ကွဲမူကြောင့် အသက်(၃၉) နှစ်အရွယ် အမျိုးသားဖြစ်သူ ဦးဇေယျာမင်းမှာ ဘယ်ဘက် (ချိုင်းအောက်/ ခါးနှင့်ပေါင်)တို့တွင် ဗုံးစရှပ်ထိဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ အသက် (၃၆) နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်နီနီအေးမှာ ဦးခေါင်းနောက်စေ့/ညာလက်ဖမိုးတို့တွင် ဗုံးစရှပ်ထိ ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ) တု့ိရရှိပြီး သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမူခံယူနေ ကြောင်း သိရသည်။
Photo – Credit
#PeopleMedia