ဘီးလင်းမြို့တွင် KNU/PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
PUBLISHED - July 17, 2023
နေပြည်တော်၊ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ကရဝေးဆိပ်ရွာအနီးတွင် KNU/PDF အလောင်း (၁) လောင်းနှင့် အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဇူလိုင်လ ၁၆ ရက် ညနေ ၄:၃၀ အချိန်တွင် ဘီးလင်းမြို့၊ ကရဝေးဆိပ်ရွာအနီး၌ KNU/PDF များမှ ဆက် ကြေးကောက်ကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ထိုကျေးရွာအား ပိတ်ဆို့ရှင်းလင်း စဉ် KNU/PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ရာတွင် KNU/PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
ထိုသိမ်းဆည်းရရှိသည်များမှာ KNU/PDF အလောင်း ၁ လောင်း၊ hijet အမျိုးစားယာဉ် ၂ စီးရှိပြီး (၁ စီးမှာ မီးလောင်ပျက်စီး)၊ Wave 100 ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည် ၅၂ တောင့်၊ ၅. ၅၆ ကျည် ၇ တောင့်၊ အီနာ ဂါဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ FRB စာတန်းပါ တံဆိပ် ၁ ခု၊ တပ်ကြပ်အဆင့် တံဆိပ် ၂ စုံ ၊KNLA တပ်မဟာ ၁ စိစစ်ရေးကဒ် ၁ ခု၊ ပျောက်ကျား အင်္ကျီ/ပုခက်၊ ကျောပိုးအိတ် ၂ လုံး၊ လည်စည်း အနီ ၁ ထည်၊ ဘန်ကာတဲတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia