• Follow Us on

Home ဘီးလင်းမြို့တွင် KNU/PDF (၂) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

ဘီးလင်းမြို့တွင် KNU/PDF (၂) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ဝင်းတာပန်စခန်းကို လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်သွားရှင်းရာ KNU/PDF အလောင်း(၂) လောင်းနှင့်အတူ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့မှ ဝင်းတာပန်စခန်းကို သွားရောက်ရှင်းလင်းရာတွင် KNU/PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုအပြန်အလှန်ပစ်ခတ်ရာတွင် KNLA/PDF အလောင်း(၂) လောင်း၊ လက်ပစ်ဗုံး(USA) ၄ လုံး၊ အမ်.၁၆(အတို) ၁ လက်၊ အမ်.၁၆(ဘောက်) ၃(ရှည်)၊ အမ်.၁၆(ဘောက်) ၂(တို)၊ AK.47(ဘောက်) ၃(ရှည်)၊ AK.47(ကျည်) ၆၂ တောင့်၊ အမ်အေ.၂ဘောက်ဝိုင်း ၁ ခု နှင့် အိုင်ကွန် ၁ လုံး တို့ကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post