ဘီးလင်းမြို့နယ်တွင် ဘုရားပွဲအတွင်းသို့ PDF မှ လက်ပစ်ဗုံးပစ်ခတ်ဖောက်ခွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံး ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာတွင် ကျင်းပနေသည့် ဘုရားပွဲအတွင်းသို့ PDF အဖွဲ့က ယမန်နေ့ ည ၁၂ နာရီအချိန်က လက်ပစ်ဗုံးပစ်ခတ်ဖောက်ခွဲမှုကြောင့် အမျိုး သား ၁ ဦးသေဆုံးပြီး အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘီးလင်းမြို့၊ ကော့ကမယ်ကျေးရွာရှိ ကိုးနဝင်းစေတီတော်ဘုရားပွဲနေစဉ် ဇုတ်သုတ်ကျေးရွာဘက်မှ ဆိုင်ကယ် ၁ စီးဖြင့် PDF အမျိုးသား ၂ ဦးရောက်ရှိလာပြီး လက်ပစ်ဗုံးဖြင့် ဘီးလင်းမြို့နယ် ပေါက်တောကျေး ရွာနေ ဥက္ကာကျော် ၁၇ နှစ် သေဆုံးခဲ့ပြီး၊ ဦးအောင်စိုးသန့် ၄၇ နှစ်၊ ဦးကျော်မင်းထိုက် ၄၃ နှစ်၊ ဦးသူလင်း ၄၅ နှစ်နှင့် ဦးသိုက်စိုး ၄၀ နှစ်တို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။
#PeopleMedia