ဘီးလင်းမြို့ရှိ ကျုံအိတ်တံတားကို KNLA/PDF များမှ ဒရုန်းများဖြင့် ပစ်ခတ်
PUBLISHED - August 21, 2023
နေပြည်တော်၊ သြဂုတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ကျုံအိတ်တံတားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ကို KNLA/PDF များမှ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၈:၃၀ အချိန်တွင် KNLA/PDF များမှ သထုံမြို့နှင့် ဘီးလင်းမြို့အကြားတွင် တည်ရှိသည့် ကျုံအိတ် တံတားရှိ လုံခြုံရေးကင်းစခန်းကို Drop ဗုံး ၆ လုံးဖြင့် ပစ်ချတိုက်ခိုက်ပြီး ၄၀ မမ ၄ လုံးဖြင့်လည်း ပစ်ခတ် ခဲ့ကြောင်း သိရသည်။
ထိုပစ်ချတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရရှိကြောင်း၊ ထိုတံတားမှာ ဇွန်လ ၂၉ ရက် နံနက် ၄ နာရီအချိန်တွင် ကျုံအိတ်တံတားကို KNLA/PDF များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရာ ထိုတံတားကို ဖျက်သန်းသွားလာသည့် မော်တော်ယာဉ်များ ပြုတ်ကျပြီး ပြည်သူတစ်ဦးလည်း သေဆုံးသွားသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia